ရှီကျင့်ဖိန်သည် တရုတ်-ဥရောပ မီးရထား နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ ဂုဏ်ပြု ကြောင်း သဝဏ်လွှာ ပေးပို့

Yunnan Gateway, September 20, 2023
Size:

စက်တင်ဘာလ ၁၅ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တရုတ်-ဥရောပ မီးရထား နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်-ဥရောပ ရထားများ စတင်ပြေးဆွဲချိန်မှစ၍ လုံခြုံတည်ငြိမ်ပြီး ချောမွေ့ သော လည်ပတ်မှုကို ထိန်းသိမ်းထားကာ အာရှနှင့် ဥရောပအကြား နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး ပုံစံသစ်ကို ဖန်တီးပြီး လမ်းကြောင်းတစ်လျှောက် စီးပွားကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုအတွက် ပလက်ဖောင်းအသစ်ကို ထိရောက်စွာ တည်ဆောက်ခဲ့ကြောင်း၊ နိုင်ငံတကာ စက်မှုကုန်ထုတ်လုပ်မှုကွင်းဆက်နှင့် ထောက်ပံ့မှုကွင်းဆက်၏ တည်ငြိမ်မှုကို အာမခံစေပြီး ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွက် အားသစ်လောင်းပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးတို့ နှင့်အတူ ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှု၊ တံခါးဖွင့်မှုနှင့် ဘက်ပေါင်းစုံပါဝင်မှု၊ အပြန်အလှန် လေ့လာသင်ယူမှုနှင့် အပြန်အလှန် အကျိုးရှိစေသည့် ပိုးလမ်းမ စိတ်ဓာတ်ကို စွဲကိုင်ပြီး ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့၊ နိုင်ငံအသီးသီးမှ ပြည်သူတို့အတွက် ချမ်းသာသုခ ဆောင်ကြဉ်းလာဖို့နှင့် လူသား ကံကြမ္မာတူ အသိုက်အဝန်းတည်ဆောက်ဖို့ ပိုမိုများပြားသော အကျိုးပြု စွမ်းဆောင်မှု ပြုလုပ်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားပါသည်။