ဝယ်ဝယ်ဝယ်၊ တစ်နေရာတည်းမှာ အာဆီယံ ၁၀နိုင်ငံရဲ့ ရတနာပစ္စည်းအားလုံးကို ဝယ်

CRI, September 19, 2023
Size:

အကြိမ် ၂၀မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကွမ်ရှီး နန်နင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ ကျင်းပနေပါသည်။ ပြပွဲကို ပါဝင်ပြသကြသော နိုင်ငံနှင့်ဒေသ ၄၀ကျော်ရှိပြီး လုပ်ငန်းကုမ္ပဏီ ၂၀၀၀နီးပါးရှိ၍ ပြီးခဲ့သည့်အကြိမ်ကထက် ၁၈.၂ ရာခိုင်နှုန်းတိုးလာပါသည်။ ၎င်းတို့အနက် အာဆီယံနိုင်ငံများ မှ လုပ်ငန်းကုမ္ပဏီ ၆၄၀ရှိ သောကြောင့် အာဆီယံ၁၀နိုင်ငံက ထူးခြားချက်ပါရှိ သောကုန်ပစ္စည်းများကို တစ်နေရာတည်းမှာဝယ်ယူနိုင်ပါသည်။