လီချန်သည် အကြိမ် ၂၀ မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြာ

CRI, September 18, 2023
Size:

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်သည် ယခုလ ၁၇ ရက်နေ့က နန်နင်းမြို့တွင် ကျင်းပသော အကြိမ် ၂၀ မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့်တရုတ်-အာဆီယံကုန်သွယ်ရေး နှင့်ရင်းနှီးမြှုပ်နှံရေးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီးမိန့်ခွန်းပြောကြားခဲ့သည်။ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်မနိုင်၊ လာအိုဝန်ကြီးချုပ် ဆွန်ဆေး၊ မလေးရှားဝန်ကြီးချုပ်အန်ဝါ၊ ဗီယက်နမ် ဝန်ကြီးချုပ် ဖမ်မင်းကျန်း၊ အင်ဒိုနီးရှားဒုတိယသမ္မတမာရုဖ်၊ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ကုန်သွယ်ရေးဝန်ကြီး ပူတန်၊ အာဆီယအတွင်းရေးမှူးခေါင်ကီမ်ဟွန်တို့အပါအဝင်၊ တရုတ်၊ အာဆီယံနှင့်အခြားနိုင်ငံများနှင့်ဒေသ၏စီးပွားရေးအသိုင်းအဝိုင်းများမှကိုယ်စားလှယ်မျာ စုစုပေါင်း ၁၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရပါသည်။

လီချန်က တရုတ်-အာဆီယံဆက်ဆံရေးသည် အာရှ-ပစိဖိတ်ဒေသတွင် ပူးပေါင်းဆောင်ရွက်မှု၏ အအောင်မြင်ဆုံး စံနမူနာဖြစ်လာကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများနှင့်အတူ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ လူငယ်နှင့်အခြားသောနယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်မှုများကိုတိုးချဲ့ပြီး ပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ခင်ရင်းနှီးမှုကိုအဆက်မပြတ်တိုးပွား စေရန် နှင့် “Belt and Road”အတူတည်ဆောက်ရေးအဆိုပြုချက်ကို နိုင်ငံအသီးသီးတို့၏ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ မဟာဗျူဟာများနှင့် ပိုမိုကောင်းမွန်စွာချိန်ဆက်နိုင်ရန် တွန်းအားပေးလို ကြောင်း ပြောကြား ခဲ့သည်။