လီချန်သည် ဗီယက်နမ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

CRI, September 18, 2023
Size:

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်သည် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Pham Minh Chinh နှင့် စက်တင်ဘာလ ၁၆ ရက်နေ့က နန်နင်းမြို့၌ တွေ့ဆုံခဲ့ပါသည်။

လီချန်က တရုတ်နှင့် ဗီယက်နမ်နှစ်နိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသော ဆိုရှယ်လစ် အိမ်နီးချင်း နိုင်ငံများဖြစ်ပြီး မဟာဗျူဟာအရ အရေးပါသော ကံကြမ္မာတူ အသိုက်အဝန်းဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ် ပါတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်နှင့် ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး Nguyen Phu Trong တို့ ဦးဆောင်မှုအောက်တွင် ပါတီနှစ်ခုနှင့် နိုင်ငံနှစ်နိုင်ငံကြား ဆက်ဆံရေးသည် ကောင်းမွန်သော အရှိန်အဟုန်ကို ထိန်းသိမ်းထားကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် သဘောကွဲလွဲမှုများကို ထိန်းချုပ်ရန် စွဲကိုင်မည်ဖြစ်ပြီး အာဏာနိုင်ငံရေးကို ဆန့်ကျင်ရန် အတူတကွ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Pham Minh Chinh က ဗီယက်နမ်-တရုတ် ဆက်ဆံရေးကို စဉ်ဆက်မပြတ် နက်နက်ရှိုင်းရှိုင်း တိုးမြှင့်ခြင်းသည် ဗီယက်နမ်၏ နိုင်ငံခြားဆက်ဆံရေးအတွက် ပကတိကျသော လိုအပ်ချက်၊ ထိပ်တန်းဦးစားပေးခြင်းနှင့် မဟာဗျူဟာ ရွေးချယ်မှုဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေပြီး နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်သို့ မြှင့်တင်သွားရန် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။