လန်ချန်း-မဲခေါင်ဒေသ ပထမဆုံးအကြိမ် သစ်တောပညာတက္ကသိုလ် ပါမောက္ခချုပ်များဖိုရမ် ကူမင်းတွင် ကျင်းပ

lmcchina.org, September 15, 2023
Size:

တရုတ်နိုင်ငံ အနောက်တောင်သစ်တောပညာတက္ကသိုလ်နှင့် အာရှပစိဖိတ်သမုဒ္ဒရာ သစ်တောများ ပြန်လည်ထူတောင်ရေးနှင့် ဆက်တိုက်စီမံအုပ်ချုပ်နိုင်ရေးအဖွဲ့အစည်း ပူးပေါင်းကျင်းပသော ပထမဆုံးအကြိမ် လန်ချန်း-မဲခေါင်ဒေသ သစ်တောပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များဖိုရမ်ကို စက်တင်ဘာလ ၅ ရက်နေ့တင် ကူမင်းမြို့တွင် ကျင်းပခဲ့သည်။ ၎င်းဖိုရမ်သည် “ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့လုပ်ဆောင်ပြီး အစိမ်းရောင် လန်ချန်း-မဲခေါင်ကို ထူတောင်” ဟူသောခေါင်းစဉ်ဖြင့် ကျင်းပ၍ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်နှင့် တရုတ် စသော ၆ နိုင်ငံမှ တက္ကသိုလ်ကျောင်း ၁၄ ကျောင်းမှ ပါမောက္ခချုပ်များ၊ သစ်တောလေ့လာရေးသုတေသနဌာနက တာဝန်ရှိသူများ၊ ပညရှင်များ၊ သစ်တော်လုပ်ငန်းမှ အရာရှိများ၊ သက်ဆိုင်ရာနိုင်ငံတကာ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပ ဧည့်သည်များ စုစုပေါင်း ၁၆၀ သည် ယင်းဖိုရမ်သို့ ပါဝင်တက်ရောက်ကာ ဒေသတွင်း သစ်တောပညာ သင်ကြားရေးနှင့် သုတေသနပြုရေးလုပ်ငန်းများနှင့် လန်ချန်း-မဲခေါင်ဒေသ သစ်တောပညာတက္ကသိုလ်များ၏ ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးဖလှယ်ကြသည်။

လန်ချန်း-မဲခေါင်ဒေသ သစ်တောသယံဇာတ ကြွယ်ဝပြီး သတောများ ဆက်တိုက် ရှင်သန်ထွန်းကားနိုင်အောင် ပြုလုပ်ခြင်းသည် လန်လန်း-မဲခေါင်ဒေသ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် ကာကွယ်ပေးနိုင်သည်။ ရာသီဥတု ပြောင်းလဲရေးကို ကာကွယ်ခြင်းနှင့် တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်စေခြင်း ဟူသောအခြေခံပေါ်တွင် သစ်တောလုပ်ငန်း၏ အကြောင်းအရာ ပြည့်စုံသည်ထက်ပြည့်စုံလာပြီး ပခုံးပေါ်မှ တာဝန်လည်း ကြီးသည်ထက်ကြီးလာသည်။ ဤတစ်ခါဖိုရမ်သည် ပေါင်းကူးတံတားအဖြစ် ဂလိုဘယ်လိုက်ဇေးရှင်းနောက်ခံပေါ်တွင် သစ်တောပညာသင်ကြားရေးလုပ်ငန်း အသစ်တီထွင်ပြီး ဖွံ့ဖြိုးတိုးတက်နိုင်သောလမ်းကြောင်းသစ်ကို ဆွေးနွေးရှာဖွေ၍ သစ်တောပညာ သင်ကြားရေးနှင့် သုတေသနပြုရေးလုပ်ငန်းကို ပြုပြင်ပြောင်းလဲကာ လန်ချန်း-မဲခေါင်ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာအောင် အကျိုးပြုရန် တာဝန်ထမ်းဆောင်သည်။

ဤတစ်ခါဖိုရမ်သည် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်”နှင့် တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရန် အဆိုပြုချက်ကို အကောင်အထည်ဖော်သောဆောင်ရွက်ချက် ဖြစ်သည့်အတိုင်း တရုတ်ပြည်၏ သစ်တောလုပ်ငန်းနှင့် ပညာရေးလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လန်ချန်း-မဲခေါင်နိုင်ငံများကို မိတ်ဆက်၍ သစ်တောပညာ သင်ကြားရေးလုပ်ငန်းနှင့်ပတ်သက်၍ ဒေသနိုင်ငံများ အချင်းချင်း ဖလှယ်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် တွန်းအားပေးသည်။