ရှီကျင့်ဖိန်က ၂၀၂၃ခုနှစ် ဘေကျင်းယဉ်ကျေးမှုဖိုရမ်သို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့

CRI, September 14, 2023
Size:

စက်တင်ဘာလ ၁၄ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ၂၀၂၃ခုနှစ် ဘေကျင်း ယဉ်ကျေးမှုဖိုရမ်သို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့ပါသည်။
သမ္မတ ရှီကျင့်ဖိန် ၏ ဂုဏ်ပြုကြောင်းသဝဏ်လွှာတွင် တရုတ်လူမျိုးတို့သည် ရှည်ကြာ ထူးချွန်သော ရိုးရာယဉ်ကျေးမှု ပိုင်ဆိုင်ထားကြောင်း၊ ရှေးပဝေသဏီမှစ၍ တံခါးဖွင့်ပြီး အားလုံးပါဝင်နိုင်သော ယဉ်ကျေးမှု စိတ်ထား ရှိကြောင်း၊ တရုတ် ယဉ်ကျေးမှုသည် မတူညီသော ယဉ်ကျေးမှုများအကြား အပြန်အလှန်နားလည်မှုနှင့် လေးစားမှုကို အမြဲတန်ဖိုးထားကြောင်း၊ ဘေကျင်းမြို့၏ သမိုင်းမှာ ကြာရှည်ပြီး တရုတ် ယဉ်ကျေးမှု၏ ဆက်တိုက်ဖွံ့ဖြိုးတိုးတက်မှု၊ တီထွင်ဆန်းသစ်မှု၊ တစ်ပေါင်းတစ်စည်းတည်း ဖြစ်မှု၊ အားလုံးပါဝင်နိုင်မှုနှင့် ငြိမ်းချမ်းမှုကို သက်သေပြနိုင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် သမိုင်းဝင်ရှေးဟောင်းမြို့တော်နှင့် တစ်နိုင်ငံလုံးယဉ်ကျေးမှုစင်တာဖြစ်သော ဘေကျင်းမြို့ ၏ အားသာချက်ကို ပိုမိုကောင်းမွန်စွာ အသုံးပြုပြီး တစ်ကမ္ဘာလုံးအနယ်နယ်အရပ်ရပ်မှ ယဉ်ကျေးမှုများနှင့် ကူးလူးဖလှယ်မှုကို မြှင့်တင်မည် ဖြစ်ကြောင်း၊ ယဉ်ကျေးမှု စည်ပင်သာယာရေး၊ ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေး၊ ယဉ်ကျေးမှုအကြား ကူးလူးဖလှယ်ရေးနှင့် အပြန်အလှန်လေ့လာရေးကို တွန်းအားပေးပြီး တစ်ကမ္ဘာလုံး ယဉ်ကျေးမှုအဆိုပြုချက်ကို အကောင်အထည်ဖော်ကာ လူသားကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးအတွက် ပိုမိုကြီးမားပြီးရေရှည်သော ယဉ်ကျေးမှုအင်အား ထည့်သွင်းပေး မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။