ဟန်ကျိုး အာရှ အားကစားပြိုင်ပွဲအတွက် မီးရှူးတိုင်များ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

Yunnan Gateway, September 13, 2023
Size:

စက်တင်ဘာလ ၄ ရက်နေ့တွင် ဟန်ကျိုးအာရှအားကစားပြိုင်ပွဲအတွက် မီးရှူးတိုင်များကို ကျဲ့ကျန်းပြည်နယ် နင်ပိုးမြို့၌ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ယင်းမီးရှူးတိုင် ၂၀၀၀ ကျော်ကို ထရပ်ကားများဖြင့် ကျဲ့ကျန်းပြည်နယ်ရှိ မြို့ ၁၁ မြို့သို့ ပို့ဆောင်မည်ဖြစ်ပါသည်။

ဟန်ကျိုး အာရှအားကစားပြိုင်ပွဲ မီးရှူးတိုင် လက်ဆင့်ကမ်းခြင်းသည် စက်တင်ဘာလ ၈ ရက်နေ့တွင် ဟန်ကျိုးမြို့၌ စတင်မည်ဖြစ်ပြီး မီးရှူးတိုင်ကို ကျဲ့ကျန်းပြည်နယ်ရှိ မြို့တိုင်းကို တစ်ရက်တာ လှည့်လည် ဖြတ်သန်းမည်ဖြစ်ကာ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဟန်ကျိုးမြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပါသည်။