ရှီကျင့်ဖိန်သည် နိုင်ငံတကာ ကြက်ခြေနီကော်မတီ ဥက္ကဋ္ဌ Spoliaritz နှင့် တွေ့ဆုံ

Yunnan Gateway, September 11, 2023
Size:

စက်တင်ဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ နိုင်ငံတကာ ကြက်ခြေနီကော်မတီ ဥက္ကဋ္ဌ Spoliaritz နှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင်ဖိန်သည် နိုင်ငံတကာ ကြက်ခြေနီကော်မတီ တည်ထောင်ခဲ့သည့် နှစ် ၁၆၀ အတွင်း နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေး နယ်ပယ်များ၌ အကျိုးသက်ရောက်မှု ထင်ရှားသော လုပ်ငန်းများကို မြင့်မားစွာ အကဲဖြတ် ချီးကျူးပြီး နိုင်ငံတကာ ကြက်ခြေနီကော်မတီ၏ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် တိုးတက်ရေး အတွက် အရေးကြီးသော အကျိုးပြုစွမ်းဆောင်မှုများကိုလည်း တန်ဖိုးထား ချီးကျူးခဲ့ပါသည်။

ရှီကျင့်ဖိန်က လူသားချင်း စာနာထောက်ထားရေးသည် မတူကွဲပြားသော ယဉ်ကျေးမှုများကို စုစည်းထားနိုင်သော အကြီးဆုံး သဘောတူညီချက် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေး လုပ်ငန်းကို တက်ကြွစွာ ထောက်ခံသူ၊ ပါဝင်ဆောင်ရွက်သူနှင့် အကျိုးပြုစွမ်းဆောင်သူ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာ ကြက်ခြေနီကော်မတီနှင့် တစ်ဆင့်တိုး ပူးပေါင်းဆောင်ရွက်ပြီး လူသားများ၏ ငြိမ်းချမ်းရေးနှင့် တိုးတက်ရေး လုပ်ငန်း အတွက် အရေးကြီးသည့် အကျိုးပြုစွမ်းဆောင်မှုများ ပြုလုပ်လိုပါကြောင်း ပြောကြားခဲ့ ပါသည်။

Spoliaritz က နိုင်ငံတကာ လူသားချင်း စာနာထောက်ထားရေး လုပ်ငန်းအတွက် တရုတ်နိုင်ငံက အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်းနှင့် အရေးကြီးသည့် အကျိုးပြုစွမ်းဆောင်မှုများ ပြုလုပ်ခြင်းကို နိုင်ငံတကာ ကြက်ခြေနီကော်မတီက တန်ဖိုးထား ချီးကျူးပါကြောင်း၊ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး တိုးမြှင့်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။