ရှီကျင့်ဖိန်သည် ၁၀ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တရားဥပဒေရေးရာဝန်ကြီးများအစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

Yunnan Gateway, September 11, 2023
Size:

စက်တင်ဘာလ ၅ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ၁၀ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တရားဥပဒေရေးရာဝန်ကြီးများအစည်းအဝေးသို့ ဂုဏ်ပြုသဝဏ်လွှာကိုပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က၂၀၁၃ ခုနှစ်ကရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တရားဥပဒေရေးရာဝန်ကြီးများအစည်းအဝေးယန္တရားစတင် လည်ပတ်ခဲ့သည့်နောက်ပိုင်းအဖွဲ့ဝင် နိုင်ငံအသီးသီးတို့သည် ရှန်ဟိုင်းစိတ်ဓာတ်ကိုစွဲကိုင်ပြီးအပြန်အလှန် ထောက်ခံကာစိတ်ရင်းမှန်ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း၊ နိုင်ငံအသီးသီးတို့၏ ဥပဒေစိုးမိုးရေးကိုအဆက်မပြတ် အားသစ်လောင်းပေးပြီးတရားဥပဒေနယ်ပယ်တွင် အစိုးရချင်းကူးလူးဖလှယ်မှုများကိုအားဖြည့်၍ ကုလသမဂ္ဂကိုအမြုတေအဖြစ်ထားသည့် နိုင်ငံတကာစည်းစနစ်နှင့် အပြည်ပြည်ဆိုင်ရာဥပဒေကိုအခြေခံအဖြစ်ထားသည့် နိုင်ငံတကာအစီအစဉ်ကိုပြတ်ပြတ်သားသားထိန်းသိမ်းကာကွယ်ခဲ့ကြကြောင်းဖော်ပြထားပါသည်။