တတိယကြိမ်မြောက် လန်ချန်း-မဲခေါင် သစ်သီးဝလံပွဲတော် ပေကျင်းမြို့တွင် အောင်မြင်စွာကျင်းပ

lmcchina.org, September 9, 2023
Size:

တတိယကြိမ်မြောက် လန်ချန်း-မဲခေါင် သစ်သီးဝလံပွဲတော်ကို စက်တင်ဘာလ ၁ ရက်က ပေကျင်းမြို့တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။ အဆိုပါပွဲတော်ကို တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပခြင်း ဖြစ်ကြောင်း သိရပါသည်။

ယခုအကြိမ် လန်ချန်း-မဲခေါင် သစ်သီးဝလံပွဲတော်တွင် သစ်သီးဝလံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို တစ်ချိန်တည်း ကျင်းပရာ ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ကြသော ကိုယ်စားလှယ်များက သစ်သီးလုပ်ငန်း၏ ဒစ်ဂျစ်တယ်အသွင်နှင့် အမှတ်တံဆိပ်အသွင်ကို အဓိကထား၍ အမှာစကား ပြောကြားကြပြီး “ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် သစ်သီးဝလံလုပ်ငန်းက တောင်သူလယ်သမားများကို အကျိုးဆောင်ခြင်း-တရုတ်အတွေ့အကြုံ” စာအုပ်ကို ထုတ်ဝေခဲ့သည်။

ပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်ရေးအခြေခံမူကို လက်ကိုင်ထားပြီး နိုင်ငံတကာသို့ လျှောက်လှမ်းရန်၊ စျေးကွက်အတွင်းသို့ ဝင်ရောက်ရန်နှင့် မြို့သူမြို့သားများနှင့် ပိုမိုနီးကပ်လာရန်အတွက် ယခုကြိမ် လန်ချန်း-မဲခေါင် သစ်သီးဝလံပွဲတော်တွင် သစ်သီးဝလံယဥ်ကျေးမှု ခင်းကျင်းပြပွဲနှင့် လန်ချန်း-မဲခေါင် သစ်သီးဝလံဈေးကွက်ဟူ၍ သီးသန့်ထားရှိသည်။ ယင်းတို့အနက် သစ်သီးဝလံယဉ်ကျေးမှုပြပွဲသည် လန်ချန်း-မဲခေါင်ဒေသမှ သစ်သီးဝလံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းကို အဓိကဖော်ပြထားခြင်း ဖြစ်ပြီး သစ်သီးဝလံယဉ်ကျေးမှု၊ သစ်သီးဝလံလုပ်ငန်းက ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်းနှင့် သစ်သီးဝလံရောင်းဝယ်ရေး အပိုင်းသုံးပိုင်း ပါဝင်ပါသည်။ သစ်သီးဝလံယဉ်ကျေးမှုကို  ကိုယ်တိုင်ကိုယ်ကျအပြည့်အဝခံစားနိုင်စေရန် ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်ရာ မြို့သူမြို့သားများအတွက် အသစ်အဆန်း ဖြစ်စေခဲ့ပါသည်။

သစ်သီးဝလံပြပွဲတွင် ပြည်တွင်းပြည်ပမှ ထူးခြားသောသစ်သီးဝလံများကို ဈေးကွက်ဧရိယာတွင် ပြသရန် ဖိတ်ခေါ်ခဲ့ပါသည်။ ဒူးရင်းသီး၊ မက်မွန်သီး၊ အုန်းသီးနု၊ ကတွတ်သီး၊ ပန်းသီး စသည့်သစ်သီးများနှင့် သစ်သီးထွက်ကုန်ပစ္စည်းများသည် မြို့သူမြို့သားများအား သစ်သီးများ၏ချိုမြိန်မှုအရသာကို ခံစားနိုင်စေရုံသာမက အက၊ ပန်းချီ၊ လက်ရေးလှ၊ ဂီတ စသည့်အနုပညာဖျော်ဖြေမှုများကလည်း လန်ချန်း-မဲခေါင်‌ဒေသ၏ သစ်သီးဝလံများ တမူထူးခြားသောဆွဲဆောင်မှု ဖြစ်စေသည်။ အခမ်းအနားတွင် AI နည်းပညာကိုလည်း အသုံးပြုပြီး virtual people နှင့် အပြန်အလှန် စကား‌‌ပြောဆိုနိုင်ခြင်းကြောင့် ပါဝင်သူများအား လန်ချန်း-မဲခေါင် လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုနှင့် လန်ချန်း-မဲခေါင် သစ်သီးဝလံပွဲတော်အကြောင်းကို ပိုမိုသိရှိနားလည်‌စေသည်။