ဒသမအကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများ တရားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပ

Yunnan Gateway, September 8, 2023
Size:

ဒသမအကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများ တရားရေးဝန်ကြီးများ အစည်းအဝေးကို စက်တင်ဘာလ ၅ ရက်နေ့က ရှန်ဟိုင်းမြို့တွင် စတင်ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့အဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးနှင့် ဥပဒေရေးရာကော်မရှင် အတွင်းရေးမှူး ချမ်ဝင်ချင်းက ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ကာ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်ထံ မှ ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားပြီး မိန့်ခွန်း ပြောကြား ခဲ့ပါသည်။

ဒသမအကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများ တရားရေးဝန်ကြီးများ အစည်းအဝေးကို စက်တင်ဘာလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ရှန်ဟိုင်းမြို့တွင် ကျင်းပခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ၏ တရားရေးဝန်ကြီးများသည် ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။