“The Belt and Road” ကမ်းလှမ်းချက်သည် ကမ္ဘာလုံး လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းအတွက် အကျိုးပြုစွမ်းဆောင်လာသည်ဟု နိုင်ငံတကာကြက်ခြေနီအသင်းကော်မတီ ဥက္ကဋ္ဌ ဆို

Yunnan Gateway, September 6, 2023
Size:

နိုင်ငံတကာကြက်ခြေနီအသင်းကော်မတီ ဥက္ကဋ္ဌ Mirjana Spoljaric က “The Belt and Road” ကမ်းလှမ်းချက်သည် နိုင်ငံနှင့်ဒေသအမြောက်အမြား၏ အခြေခံအဆောက်အအုံ အခြေအနေကို ကောင်းမွန်စွာပြောင်းလဲပေး ပြီး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးသော ကမ်းလှမ်းချက်တစ်ရပ်ဖြစ်ကာ ကမ္ဘာလုံး လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းအတွက် အကျိုးပြုစွမ်းဆောင်လာကြောင်း မကြာခင်က ဂျီနီဗာ၌ ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

Mirjana Spoljaric က “The Belt and Road” ကမ်းလှမ်းချက်သည် လူသားချင်း စာနာထောက်ထားမှုစိတ်ဓာတ်နှင့် ကိုက်ညီပြီး အချင်းပွားမှု၏ ဂယက်ရိုက်ခတ်မှု ခံနေကြ သော လူများအတွက် ဆက်တိုက်ဆောင်ရွက်နိုင်သော နည်းလမ်းဖြင့် အကူအညီများ ပေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။