ဆဋ္ဌမအကြိမ်မြောက် ပိုးလမ်းမကြီး(တွင်းဟွမ်) နိုင်ငံတကာယဉ်ကျေးမှုဆိုင်ရာပြပွဲ ဖွင့်ပွဲအခမ်းအနားကို တွင်းဟွမ်တွင် ယနေ့ကျင်းပခဲ့

Yunnan Gateway, September 6, 2023
Size:

ဆဋ္ဌမအကြိမ်မြောက် ပိုးလမ်းမကြီး(တွင်းဟွမ်) နိုင်ငံတကာယဉ်ကျေးမှုဆိုင်ရာပြပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၆ ရက်နေ့တွင် ကန်းစုပြည်နယ် တွင်းဟွမ်မြို့၌ ကျင်းပခဲ့ပါသည်။ ယခုအကြိမ် တွင်းဟွမ် ယဉ်ကျေးမှုပြပွဲသည် “ကမ္ဘာနှင့်ဆက်သွယ်။ ။ ယဉ်ကျေးမှုဆွေးနွေးဖလှယ်ခြင်းနှင့် ယဉ်ကျေးမှုအပြန်အလှန် မှီငြိမ်းခြင်း”ဆိုသောခေါင်းစဉ်ဖြင့် အဓိကလှုပ်ရှားမှုများကို “The Belt and Road” လက်တွဲတည်ဆောက်ရေး၊ တွင်းဟွမ်ယဉ်ကျေးမှုပြန့်ပွားရေးဖြင့် စီးပွားရေးလူ့ဘောင်အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်လာစေရေး စသည်တို့အား အခြေပြုဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။

ယခုအကြိမ် တွင်းဟွမ်ယဉ်ကျေးမှုပြပွဲတွင် နိုင်ငံ၊ ဒေသနှင့်အဖွဲ့အစည်း ၅၀ ကျော်မှ ဧည့်သည်တော် ၁၂၀၀ ကျော်တက်ရောက်ခဲ့ပါသည်။ ယင်းပြပွဲသည် ပိုးလမ်းမကြီးစိတ်ဓါတ်ဖြစ်သော “ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပွင့်လင်းလက်ခံမှုရှိခြင်း၊ အပြန်အလှန်သင်ယူမှီငြမ်းခြင်း၊ နှစ်ဦးနှစ်ဖက်အကျိုးရှိအောင်မြင်ခြင်း”ဆိုသည်ကို လက်ခံကျင့်သုံးကာ အတူတကွ စီးပွားရေးလုပ်ဆောင်ခြင်း၊ တည်ဆောင်ခြင်းနှင့် မျှဝေခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

တစ်ချိန်တည်းတွင် ယခုအကြိမ် တွင်းဟွမ်ယဉ်ကျေးမှုပြပွဲကာလတွင် လွန်စွာကောင်းမွန်သေသပ်သော အနုပညာလက်ရာများ၊ အသစ်ဖန်တီးထားသော ကုန်ထုတ်ပစ္စည်းများဖြင့် တွင်းဟွမ်သည် ပိုးလမ်းမကြီး၏ အရေးပါသော တစ်ထောက်နားစခန်းတစ်ခုဖြစ်ကြောင်း ပြောပြသွားမည်ဖြစ်ပြီး ယဉ်ကျေးမှုပေါင်းများစွာ၏ ပေါင်းစပ်ပုံပေါ်မှုထဲတွင် တမူထူးခြားသော သမိုင်းယဉ်ကျေးမှု ဖြစ်တည်လာခြင်းကို တွေ့မြင်ရမည်ဖြစ်သည်။

တွင်းဟွမ်ယဉ်ကျေးမှုပြပွဲသည် တရုတ်နိုင်ငံ၏ တစ်ခုတည်းသော “The Belt and Road”ယဉ်ကျေးမှု ကူးလူးဆက်သွယ်ရေးအား အဓိကထားသည့် နိုင်ငံတကာယဉ်ကျေးမှုပြပွဲတစ်ခု ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်မှ စတင်ကာ နှစ်စဉ်ကျင်းပခဲ့ပြီး ယခုအခါတွင် ၆ ကြိမ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

(“မင်္ဂလာ ”မဂ္ဂဇင်း သတင်းထောက် ဒေါက်တာထိုက်လွင်ကို)