တရုတ်နိုင်ငံ တောင်ပိုင်း Karst ဒေသများအထိ မြန်နှုန်းမြင့်ရထားလမ်းကွန်ရက် တိုးချဲ့

Yunnan Gateway, September 5, 2023
Size:

ဖူရှင်း ကျည်ဆန်ရထားတစ်စင်းသည် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းမှ ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက ထွက်ခွာလာခဲ့သည်။ ၎င်းမှာ Karst ဒေသများအထိ မြန်နှုန်းမြင့် ရထားလမ်းဝန်ဆောင်မှုများ အပြည့်အဝ တိုးချဲ့ပြေးဆွဲခြင်း၏ အထိမ်းအမှတ်လည်းဖြစ်သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် မြို့တော် ကွေ့ယန်နှင့် ချိတ်ဆက်ထားသော ရထားလမ်းသစ်သည် အကွာအဝေး ၄၈၂ ကီလိုမီတာရှိပြီဖြစ်ကြောင်း China Railway Nanning Group ကုမ္ပဏီလီမိတက်အရ သိရသည်။

ကွေ့ယန်-နန်နင်း မြန်နှုန်းမြင့်ရထားလမ်းကို တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ အမြန်နှုန်းဖြင့် ပြေးဆွဲနိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားပြီး ကွေ့ကျိုးပြည်နယ်ရော ကွမ်ရှီးဒေသတွင်ပါ ယင်းရထားလမ်းပုံစံ၌ ပထမဆုံးဖြစ်ကြောင်း၊ အဆိုပါပြည်နယ်နှစ်ခုလုံးသည် Karst မြေယာအခင်းအကျင်းပုံစံများကြောင့် နာမည်ကျော်ကြားသော ဒေသများဖြစ်သည်။
ထိုရထားလမ်းသစ်တွင် ဘူတာရုံ ၁၃ ခုရှိပြီး ယင်းအနက် ဘူတာရုံ ၆ ခုနှ ကွေ့ကျိုး၌ ရှိပြီး ၇ ခုမှာမူ ကွမ်ရှီး၌ ရှိကြောင်း သိရသည်။