“တရုတ်-မြန်မာ ပြည်သူကြားနှလုံးသားချင်း ယှက်နွယ်ရေးဇာတ်ခုံကြီး” ယဥ်ကျေးမှုဖလှယ်ရေးပွဲတော်သည် ကျယ်ရှန်းမြို့နယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့

Yunnan Gateway, September 4, 2023
Size:

သြဂုတ်လ ၂၄ ရက်နေ့ညတွင် “တရုတ်-မြန်မာ ပြည်သူကြားနှလုံးသားချင်း ယှက်နွယ်ရေး၊ ပေါက်ဖော်ချစ်ကြည်ရေး အတူတကွ လက်ဆင့်ကမ်းကြ”ဟူသော အဓိကဆောင်ပုဒ်ဖြင့် “တရုတ်-မြန်မာ ပြည်သူကြားနှလုံးသားချင်း ယှက်နွယ်ရေးဇာတ်ခုံကြီး” ယဥ်ကျေးမှုဖလှယ်ရေးပွဲတော်ကို ကျယ်ရှန်းမြို့နယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရပါသည်။

အဆိုပါယဥ်ကျေးမှုဖလှယ်ရေးပွဲတော်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံမှ အမျိုးသမီးများနှင့် ကလေးသူငယ်များသည် ဆန်းတင့်ဝေဆာလှသော အနုပညာဖျော်ဖြေတင်ဆက်မှုများကို အတူတကွ ဆောင်ကြဥ်းလာခဲ့ကြပြီး တိုင်းရင်းသား အထူးဝိသေသများပါရှိသော ဖျော်ဖြေတင်ဆက်မှုများသည် တရုတ်-မြန်မာနှစ်နိုင်ငံ ပွဲကြည့်ပရိသတ်များ၏ ချီးကျူးလက်ခုပ်သံများကို ရရှိခဲ့ပါသည်။

“တရုတ်-မြန်မာ ပြည်သူကြားနှလုံးသားချင်း ယှက်သွယ်ရေးဇာတ်ခုံကြီး”ယဥ်ကျေးမှုဖလှယ်ရေးပွဲတော်သည် ဝမ်တိန်၊ နုန့်တောင်စသည့် နယ်စပ်မြို့နယ်နှင့် ကျေးရွာများတွင် ဆက်တိုက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (ဆောင်းပါးအရင်းအမြစ် -ရွှေလီမြို့မီဒီယာစင်တာ။ ဘာသာပြန် -Yunnan gateway)