တရုတ်-မြန်မာနယ်စပ်ရှိ မန်စီလေဆိပ် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးစခန်းကို တရားဝင်ဖွင့်လှစ်ခဲ့

Yunnan Gateway, September 1, 2023
Size:

သြဂုတ်လ ၁၀ ရက်နေ့တွင် ၂ ဒသမ ၅၇ တန်ရှိသော ကုန်စည်များ တင်ဆောင်လာသော UB 812 လေယာဉ်တစ်စင်းသည် တယ်ဟုန်ပြည်နယ်ခွဲ မန်စီလေဆိပ်မှ မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းခဲ့ခြင်းဖြင့် မန်စီလေဆိပ် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးစခန်းကို တရား၀င် ဖွင့်လှစ်အသုံးပြုပြီဖြစ်ကြောင်း သိရှိရပါသည်။

တယ်ဟုန်ပြည်နယ်ခွဲ မန်စီလေဆိပ် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး အကောက်ခွန်ကြီးကြပ်ရေးစခန်း တည်ဆောက်ရေးစီမံကိန်းသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် စစ်ဆေးအတည်ပြုမှု လွှဲအပ်ခဲ့ပါသည်။ ၎င်းစခန်း၏ မျက်နှာပြင်ဧရိယာမှာ ၃၄၅၀ စတုရန်းမီတာ ရှိပြီး အဆောက်အအုံဧရိယာ ၁၅၇၆ စတုရန်းမီတာရှိပါသည်။ ၂၀၃၀ ပြည့်နှစ်တွင် အပြည်ပြည်ဆိုင်ရာ ကုန်စည် သယ်ယူပို့ဆောင်နိုင်မှုပမာဏ ၈၈၇၆ တန်နှင့် အပြည်ပြည်ဆိုင်ရာ စာပို့ နိုင်မှုပမာဏ ၂၇၅ တန် စသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ လက်ရှိတွင်၊ တယ်ဟုန်ပြည်နယ်ခွဲ မန်စီလေဆိပ် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး အကောက်ခွန်ကြီးကြပ်ရေးစခန်းသည် သာမန် ကုန်စည်တင်သွင်းမှုနှင့် တင်ပို့မှုများ၏ လုပ်ငန်းဆောင်တာများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါသည်။

ယခုနှစ်မှစတင်၍ တယ်ဟုန်ပြည်နယ်ခွဲ မန်စီလေဆိပ်သည် ဇန်နဝါရီ ၂၁ ရက်တွင် "မန်စီ=မန္တလေး" နိုင်ငံတကာလမ်းကြောင်းကို အရင်ဦးစွာ ပြန်လည်ပြေးဆွဲခဲ့ပြီး ဇွန်လ ၂၉ ရက်နေ့တွင် ပထမဆုံးနိုင်ငံခြားလေကြောင်းလိုင်းကုမ္ပဏီ မြန်မာ့အမျိုးသားလေကြောင်းလိုင်းကို ဖိတ်ခေါ်နိုင်ခဲ့ကာ "မန်စီ=ရန်ကုန်" လမ်းကြောင်းကို အောင်မြင်စွာ ဖွင့်လှစ်ပြေးဆွဲနိုင်ခဲ့ပါသည်။ သြဂုတ်လ ၁၀ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး အကောက်ခွန်ကြီးကြပ်ရေးစခန်းကို တရား၀င် ဖွင့်လှစ်ခဲ့ရာ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်လာပါသည်။(ဆောင်းပါးအရင်းအမြစ် -တယ်ဟုန်ပြည်နယ်ခွဲ မန်စီအပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန်စီ စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေး သိပ္ပံနည်းပညာညွှန်ကြားရေးဌာန။ ဘာသာပြန် --Yunnan gateway)