ရှီကျင့်ဖိန်သည် ၂၀၂၃ခုနှစ် တရုတ်နိုင်ငံတကာ ဝန်ဆောင်မှုကုန်သွယ်ရေးကုန်စည်ပြပွဲ ကမ္ဘာလုံးဝန်ဆောင်မှုကုန်သွယ်ရေး ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားမည်

Yunnan Gateway, September 1, 2023
Size:

တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ စုယွိထင်က တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် စက်တင်ဘာလ ၂ ရက်နေ့တွင် ဘေကျင်းမြို့၌ ကျင်းပမည့် ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံတကာ ဝန်ဆောင်မှုကုန်သွယ်ရေးကုန်စည်ပြပွဲ ကမ္ဘာလုံးဝန်ဆောင်မှု ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေးတွင် ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားမည်ဟု စက်တင်ဘာလ ၁ရက်နေ့က ကြေညာခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။