၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင် နိုင်ငံတကာ ဗွီဒီယို၊ ဓာတ်ပုံရက်သတ္တပတ်လှုပ်ရှားမှုများ တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ်တွင် ကျင်းပ

lmcchina.org, September 1, 2023
Size:

၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင် နိုင်ငံတကာ ဗွီဒီယို၊ ဓာတ်ပုံရက်သတ္တပတ်လှုပ်ရှားမှုများကို “တစ်မြစ်တည်းရေ၊ တူစုံသောက်သုံးသည့် လန်ချန်း-မဲခေါင်၏ ထွန်းလင်းတောက်မှုများ” ဟူသောခေါင်းစဥ်ဖြင့် ‌သြဂုတ် ၂၁ ရက်က လန်ချန်း-မဲခေါင်မြစ်ဖျားခံရာဒေသဖြစ်သော တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ယွိစုတိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် စတင်ကျင်းပခဲ့သည်။ အဆိုပါရက်သတ္တပတ်အတွင်း လှုပ်ရှားမှုဖွင့်ပွဲအခမ်းအနားများ၊ လန်ချန်း-မဲခေါင် ၆ နိုင်ငံ လူငယ်များဆွေးနွေးပွဲ၊ လန်ချန်း-မဲခေါင် ကြယ်စင်များသီချင်းဆိုဖျော်ဖြေပွဲ ကျင်းပမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တရုတ်နှင့် နိုင်ငံခြား ဓာတ်ပုံဆရာများက လန်ချန်း-မဲခေါင်မြစ်ဖျားခံရာ ယွိစုပြည်နယ်ခွဲ ကျားသိုးခရိုင်နှင့် နန်ချန်းခရိုင်သို့ မြေပြင်ကွင်းဆင်းလေ့လာ၍ ဓာတ်ပုံရိုက်ကူးကြရန် သွားရောက်ကြမည် ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ်-အာဆီယံအတွင်း‌ရေးမှူးချုပ် ရှီကျူးကျွင့်က ၂၀၁၆ ခုနှစ်က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရားစတင် တည်ထောင်ပြီးကတည်းက တရုတ်နိုင်ငံနှင့် အာဆီယံမဲခေါင်မြစ်ဝှမ်းနိုင်ငံများသည် ယဉ်ကျေးမှု ဖလှယ်ခြင်းများဖြင့် ဝန်ထမ်း‌ရေးရာများ ဖလှယ်မှုများကို တက်ကြွစွာ မြှင့်တင်ဆောင်ရွက်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဦးစီးဌာန သံမှူး စွန်းရှောင်လျင်က ပြီးခဲ့သော ၇ နှစ်က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု စတင်ခဲ့ရာ တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်း ၅ နိုင်ငံကြား အပြန်အလှန်ဖလှယ်မှုကဏ္ဍသစ်ကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ နိုင်ငံအားလုံး၏ ကြိုးပမ်းမှုအောက်တွင် ဤပူးပေါင်းဆောင်ရွက်မှုယန္တရားသည် ဘက်စုံ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်သည့်အဆင့်သစ်သို့ ရောက်ရှိခဲ့ရာ ဒေသခွဲ ပူးပေါင်းဆောင်ရွက်မှု၏ "ရွှေရောင်စံပြ" ဖြစ်လာခဲ့ကြောင်း ပြောကြားသည်။

 “ဗွီဒီယို၊ ဓာတ်ပုံရက်သတ္တပတ်လှုပ်ရှားမှုများ၏လှပသောဗွီဒီယိုနှင့် ဓာတ်ပုံမှာ လန်ချန်း-မဲခေါင် မြစ်ရေရဲ့ စဉ်ဆက်မပြတ် ရှေ့သို့ တသွင်သွင်စီးဆင်းနေတဲ့ သာယာလှပတဲ့ ရုပ်ပုံတွေကို တွေ့မြင်ရပါတယ်။ ဒါက လန်ချန်း-မဲခေါင် ၆ နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်လာတဲ့ သမိုင်းခေတ်ရေစီးကြောင်းနဲ့ အလားသဏ္ဌာန် တူပါတယ်”ဟု စွန်းရှောင်လျင်က ပြောကြားခဲ့သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုများသည် ပိုမိုနက်ရှိုင်းစွာ၊ ပိုမိုလက်တွေ့စွာ ဆောင်ရွက်သွားရမည် ဖြစ်ပြီး တိုးတက်မှုအသစ်များနှင့် အောင်မြင်မှုအသစ်ဖြင့် လူထုကို အကျိုးပြုမည်ဟု အခိုင်အမာယုံကြည်ကြောင်း ၎င်းက ပြောကြားသည်။