၂၀၂၃ ခုနှစ် တရုတ်-အာဆီယံ ပညာရေးကူးလူးဖလှယ်မှု ရက်သတ္တပတ်လှုပ်ရှားမှု စတင် ပြုလုပ်

Yunnan Gateway, August 31, 2023
Size:

သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သော ၂၀၂၃ ခုနှစ် တရုတ်-အာဆီယံ ပညာရေး ကူးလူးဖလှယ်မှု ရက်သတ္တပတ် ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေ က မျက်မှောက် ဂလိုဘယ်လိုက်ဇေးရှင်းအခြေအနေတွင် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ပညာရေး နယ်ပယ် ပူးပေါင်းဆောင်ရွက်ရေး ရှေ့အလားအလာ ကောင်းမွန်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံတို့ အကြား ပညာရေး ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံအကြား ပညာရေးဆိုင်ရာ ကူးလူးဖလှယ်မှု၊ စွမ်းရည်မြှင့်တင်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အပြန်အလှန် သိရှိနားလည်မှုတို့ကို တွန်းအားပေးရန် ရည်ရွယ်ထားပြီး နှစ်နိုင်ငံပြည်သူများအတွက် များပြားသော အခွင့်အလမ်းများကို ပေးဆောင်ခဲ့ကြောင်း ပြောကြားပါသည်။ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနကို တစိုက်မတ်မတ် ပံ့ပိုးပေးခဲ့သော တရုတ်အစိုးရကို ကျေးဇူးတင်ရှိကြောင်းလည်း ဒေါက်တာညွန့်ဖေ က ပြောကြားခဲ့ပါတယ်။