တရုတ်ပြည်၏ အဏ္ဏဝါ ဂေဟ ပတ်ဝန်းကျင် အခြေအနေသည် ယေဘုယျ အားဖြင့် တည်ငြိမ်ပြီး ကောင်းမွန်လျက်ရှိ

Yunnan Gateway, August 31, 2023
Size:

တရုတ်ပြည် ဂေဟနှင့် သဘာဝ ပတ်ဝန်းကျင် ရေးရာ ဝန်ကြီးဌာနမှ ယခုလ ၂၈ ရက်နေ့တွင် ပုံမှန် သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာ၌ သက်ဆိုင်ရာ တာဝန်ခံ တစ်ဦးက လက်ရှိအချိန်မှာ တရုတ်ပြည်၏ ပင်လယ် သမုဒ္ဒရာ ဂေဟ ပတ်ဝန်းကျင် အခြေအနေသည် ယေဘုယျ အားဖြင့် တည်ငြိမ်ပြီး ကောင်းမွန်လာနေကြောင်း၊ တရုတ်ပြည်သည် ပင်လယ် သမုဒ္ဒရာ အပေါ် ကုန်းပိုင်းမှ ညစ်ညမ်းမှု ပြုပြင်ရေးနှင့် ပတ်ဝန်းကျင် အန္တရာယ် ကြိုတင်ကာကွယ်ရေး စသည့် အရေးကြီး လုပ်ငန်းများကို အဓိက ဦးစားပေး ဆောင်ရွက်နေပြီး အဏ္ဏဝါ ပတ်ဝန်းကျင် ကြီးကြပ်ကွပ်ကဲမှုကိုလည်း အဆက်မပြတ် အားဖြည့်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။