တရုတ်နိုင်ငံ၏ AI ရင်းနှီးမြှုပ်နှံမှုက ၂၀၂၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံအထိ ရောက်ရှိမည်ဟု ခန့်မှန်း

Yunnan Gateway, August 30, 2023
Size:

တရုတ်နိုင်ငံက ဉာဏ်ရည်တုနည်းပညာ (AI) ၌ ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၂၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၈.၁ ဘီလီယံအထိ ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ကမ္ဘာ့စုစုပေါင်း၏ ၉ ရာခိုင်နှုန်းရှိကြောင်း ယင်းလုပ်ငန်းအစီအရင်ခံစာအရ သိရသည်။

တရုတ်နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း AI ကဏ္ဍ၌ စွမ်းဆောင်ရည် ဆက်လက်မြှင့်တင်လျက်ရှိကြောင်း ကမ္ဘာ့ဈေးကွက် သုတေသနလုပ်ငန်းဖြစ်သော International Data Corporation (IDC) က ပြောခဲ့သည်။

အစိုးရ၏ ပံ့ပိုးမှုနှင့် လျင်မြန်သော စက်မှုလုပ်ငန်းအဆင့်မြှင့်တင်မှုများဖြင့် အနာဂတ်တွင် AI နည်းပညာသည် စက်မှုလုပ်ငန်းအမျိုးမျိုး၏ လိုအပ်ချက်များကို ပေါင်းစည်းပေးမည်ဖြစ်ကာ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် စီးပွားရေးပုံစံများ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာမည်ဟု IDC က ဖြည့်စွက်ပြောကြားခဲ့သည်။