တရုတ်ကုမ္ပဏီကလက်ခံဆောက်လုပ်သည့် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိပထမဆုံးအချောကိုင်ပြီးရေနံဆီပရောဂျက် စတင် လည်ပတ်

Yunnan Gateway, August 18, 2023
Size:

သြဂုတ်လ ၁၅ ရက်နေ့တွင် တရုတ်နိုင်ငံPetroChinaကော်ပိုရေးရှင်းမှ လက်ခံဆောက်လုပ်သည့် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းဒေသ၌ ပထမဆုံးအချောကိုင်ပြီးရေနံဆီပရောချက်သည် ချောမောစွာစတင် လည်ပတ်ခဲ့ရာနှစ်စဉ် အချောကိုင်ပြီးရေနံဆီများတန်ချိန် ၆ သန်းကိုပို့လွှတ်နိုင်မည် ဖြစ်ပါသည်။

ယင်းပရောဂျက်၏ အချောကိုင်ပြီးရေနံဆီများပို့လွှတ်ရေးပိုက်လိုင်းအရှည်သည် ၃၄၂ ကီလိုမီတာဖြစ်ပြီးထိုင်းနိုင်ငံပြည်နယ် ငါးခုကိုဖြတ်သန်းသည့်ထိုင်းနိုင်ငံ၏ မဟာဗျူဟာမြောက် ပရောဂျက် တစ်ခုပင် ဖြစ်ပါသည်။ ယင်းပရောဂျက် စတင် လည်ပတ်ပြီးနောက် ထိုင်းနိုင်ငံနှင့် လာအို၊ တရုတ် စသည့် အိမ်နီးချင်းနိုင်ငံများအပြန်အလှန် ဆက်သွယ်မှုကိုတိုးမြှင့်နိုင်မည် ဖြစ်ပြီးနှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုတန်ချိန် တစ်သန်းနီးပါးကို လျှော့ချနိုင်မည်ဟု China Media Groupမှ သတင်းအရသိရပါသည်။