ဩဂုတ်လ ၁၆ ရက်နေ့က သတ္တမအကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ ကျင်းပ နေစဉ် အတောအတွင်း စတုတ္ထအကြိမ်မြောက် လန်ချန်း-မဲခေါင် ရုပ်သံသီတင်းပတ် စားပွဲဝိုင်းဆွေးနွေးပွဲကို ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပခဲ့ကြောင်း၊ တရုတ်နိုင်ငံတော် အသံလွှင့်၊ရုပ်မြင်သံကြားဌာနချုပ် ဒုတိယဥက္က ဋ္ဌ ယန်ကိုရွှေ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ ဒုတိယပြည်နယ်မှူး ယန်ယန်၊ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ လာအိုသတင်း၊ယဉ်ကျေးမှုနှင့်ခရီးသွားဝန်ကြီးဌာန ဒုတိယဝန်ကြီး ပိုစီ ချော်မာနီအုန်းတို့ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ ကမ္ဘောဒီးယားသတင်းပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ချောကန်နာလျက်သည် ဗီဒီယိုဖြင့် မိန့်ခွန်းပြေားကြားခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။