တရုတ်နိုင်ငံက Kuaizhou-1A သယ်ဆောင်ရေးဒုံးပျံဖြင့် ဂြိုဟ်တုအသစ် ၅ စင်း လွှတ်တင်

Yunnan Gateway, August 16, 2023
Size:

တရုတ်နိုင်ငံသည် ဂြိုဟ်တုအသစ် ၅ စင်းကို အာကာသအတွင်း ပို့ဆောင်ရန် Kuaizhou-1A သယ်ဆောင်ရေးဒုံးပျံအား ဩဂုတ် ၁၄ ရက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့ကြောင်း သိရသည်။

Head-3 မိုက်ခရိုဂြိုဟ်တုအုပ်စု A to E ဂြိုဟ်တုများကို ပေကျင်းစံတော်ချိန် မွန်းလွဲ ၁:၃၂ နာရီက လွှတ်တင်ခဲ့ခြင်းဖြစ်ကာ သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း အောင်မြင်စွာ ဝင်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။