သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် ပတ်သက်၍ ရှီကျင့်ဖိန်သည် အရေးကြီး ညွှန်ကြားချက် ထုတ်ပြန်

CRI, August 15, 2023
Size:

ယခုနှစ် ဩဂုတ်လ ၁၅ရက်နေ့သည် တရုတ်ပြည်၏ ပထမဆုံး ဂေဟနေ့ ဖြစ်ပါသည်။ တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်က အရေးကြီး ညွှန်ကြားချက်ကို ထုတ်ပြန်ရာ၌ ခေတ်မီသော ဆိုရှယ်လစ် နိုင်ငံ ဘက်စုံ တည်ဆောက်ရေး ဖြစ်စဉ်သစ်တွင် အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် အရည်အချင်း မြင့်မားစွာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးကို တစ်ပြိုင်တည်း တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု ပုံစံနှင့် နေထိုင်မှု ပုံစံကို မြစိမ်းရောင် ဖြစ်ပြီး ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု နည်းပါးသော ပုံစံ အဖြစ် ပြောင်းလဲရန် ဆက်တိုက် တွန်းအားပေးရမည် ဖြစ်ကြောင်း၊ လူသားနှင့် သဘာဝ အကြား သင့်မြတ်သာယာစွာ အတူယှဉ်တွဲနေထိုင်ရေး ရှိသော ခေတ်မီရေးကို အရှိန်မြှင့် တွန်းအားပေး ရမည် ဖြစ်ကြောင်း၊ သာယာလှပသော တရုတ်ပြည် တည်ဆောက်ရေးကို ဘက်စုံ တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။