တရုတ်ပြည်၏ ၁၃ကြိမ်မြောက် အာတိတ်(Arctic) သမုဒ္ဒရာ သိပ္ပံပညာ စူးစမ်းလေ့လာရေး အဖွဲ့သည် ပထမအဆင့် လုပ်ငန်းတာဝန်ကို ဆောင်ရွက်ပြီးစီး

CRI, August 14, 2023
Size:

ပီကင်း စံတော်ချိန် ယခုလ ၁၁ရက်နေ့ ညနေ ၅နာရီ မိနစ် ၅၀ အချိန်တွင် နောက်ဆုံး ပင်လယ်ရေ နမူနာ စုဆောင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပြီးစီးသည်နှင့်အမျှ တရုတ်ပြည်၏ ၁၃ကြိမ်မြောက် အာတိတ်(Arctic) သမုဒ္ဒရာ သိပ္ပံပညာ စူးစမ်းလေ့လာရေး အဖွဲ့သည် ပထမအဆင့် လုပ်ငန်းတာဝန် အားလုံးကို ဆောင်ရွက်ပြီးစီးကြောင်း သတင်းရရှိပါသည်။

၁၇ရက်ကြာ လုပ်ငန်းတာဝန် ဆောင်ရွက်ရာတွင် စူးစမ်းလေ့လာရေး အဖွဲ့သည် အဏ္ဏဝါ ရူပဗေဒ၊ အဏ္ဏဝါဓာတုဗေဒနှင့် အဏ္ဏဝါဇီဝဗေဒ စသည့်် သက်ဆိုင်ရာ ပညာရပ်များနှင့် ပတ်သက်၍ လေထု၊ ပင်လယ်ရေခဲ၊ ပင်လယ်သမုဒ္ဒရာနှင့် ပင်လယ်ကြမ်းပြင် ပတ်ဝန်းကျင် စူးစမ်းလေ့လာရေး၊ ပင်လယ် သတ္တဝါများနှင့် အရင်းအမြစ်များ စူးစမ်းလေ့လာရေးနှင့် ညစ်ညမ်းမှု ဆိုင်ရာ စောင့်ကြည့်တိုင်းတာမှု အပါအဝင် လုပ်ငန်းတာဝန် ၁၀ရပ်ကျော်ကို ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။