ဝန်ဆောင်မှု ကုန်စည်ပြပွဲအတွက် ပြင်ဆင်မှုများ

CRI, August 14, 2023
Size:

ဩဂုတ်လ ၁၃ ရက်နေ့က ၂၀၂၃ ခုနှစ် ဝန်ဆောင်မှုကုန်စည်ပြပွဲ သတင်းစာရှင်းလင်းပွဲကို ဘေကျင်း Shougang Park ၌ ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံတကာ စီးပွားရေးနှင့် သိပ္ပံနည်းပညာ ကူးလူး ဖလှယ်ရေးစင်တာမှ ဒုဥက္ကဋ္ဌ Zhang Yi က ယခုအကြိမ်ဝန်ဆောင်မှု ကုန်စည်ပြပွဲ၏ ထူးခြားချက်များကို "တိုးမြှင့်အဆင့်" လေးခုဖြင့် မိတ်ဆက်ပေးခဲ့ပါသည်။ ပထမဦးစွာ၊ ယခုနှစ် ဝန်ဆောင်မှု ကုန်စည်ပြပွဲသည် မြင့်မားသော အဆင့်ကို တစ်ဆင့်တိုး မီးမောင်းထိုးပြမည်ဖြစ်ပြီး အရေးကြီး အခမ်းအနားများကို ကျင်းပကာ တရားဝင် အစီရင်ခံစာများကို ထုတ်ပြန်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင်၊ ယခုအကြိမ်ဝန်ဆောင်မှု ကုန်စည်ပြပွဲသည် နိုင်ငံတကာကုန်ပစ္စည်းများကို တစ်ဆင့်တိုးပြသမည်ဖြစ်ပြီး ပွင့်လင်းသော ပလက်ဖောင်း အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်သည်။ တတိယအနေဖြင့် ယခုအကြိမ်ဝန်ဆောင်မှုကုန်စည်ပြပွဲသည် အထူးပြုမှုကို တစ်ဆင့်တိုးမီးမောင်းထိုးပြပြီး စွမ်းဆောင်ရည်မြင့်မားသောရလဒ်များရရှိရန် ကြိုးပမ်းမည်ဖြစ်သည်။ ထို့အပြင် ယခုအကြိမ် ဝန်ဆောင်မှုကုန်စည်ပြပွဲသည် ဈေးကွက်ချဲ့ထွင်မှုကို တစ်ဆင့်တိုးမီးမောင်းထိုးပြပြီး ဝန်ဆောင်မှု ကုန်စည်ပြပွဲ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးမည်ဖြစ်သည်။