၁၃၁ကြိမ်မြောက် တရုတ်၊လာအို၊မြန်မာ၊ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ခြင်း လှုပ်ရှားမှုကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီး

CRI, August 11, 2023
Size:

ဇူလိုင်လ ၂၈ရက်နေ့က တရုတ်ဘက်မှ ကင်းလှည့်မှုပါဝင်သောသင်္ဘောများသည် ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင် လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲ Jingha ဆိပ်ကမ်း သို့ ချောမောစွာ ရောက်ရှိလာသည်နှင့်အမျှ ၁၃၁ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်းမြစ် ပူးတွဲ ကင်းလှည့်ခြင်းလှုပ်ရှားမှုကို အောင်မြင်စွာ ဆောင်ရွက် ပြီးစီးခဲ့ကြောင်း၊ ယခုအကြိမ် ဆောင်ရွက်မှုတွင် ၄ရက် ၃ညကြာ ဆောင်ရွက်ပြီး စုစုပေါင်း ၄၆နာရီကြာ ၇၁၁ ကီလိုမီတာ မောင်းနှင်ခဲ့ကြောင်း၊ လှုပ်ရှားမှုဆောင်ရွက်ရာအတောအတွင်း အဆိုပါ၄နိုင်ငံမှ တရားဥပဒေ စိုးမိုးရေးဌာနများသည် ထိုင်းနိုင်ငံ Chiang Saenမြို့၌ သတင်းအချက်အလက် ဖလှယ်ရေး အစည်းအဝေးကို ကျင်းပခဲ့ပြီး မဲခေါင်မြစ်ဝှမ်းဒေသလုံခြုံရေးအခြေအနေကို လေ့လာ သုံးသပ်ကာ မြစ်ဝှမ်းဒေသ လုံခြုံရေး စီမံအုပ်ချုပ်မှုအားဖြည့်ဆောင်ရွက်ခြင်း၊ နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုများကို ပူးတွဲ စစ်ဆေး တိုက်ဖျက်မှု တိုးမြှင့်ခြင်း စသော ကိစ္စရပ်များ နှင့်ပတ်သက်၍ ဆွေးနွေးဖလှယ်ကြပြီး သဘောတူညီမှုရရှိခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။