ရှီကျင့်ဖိန်သည် ကမ္ဘောဒီးယားပြည်သူ့ပါတီ ဥက္ကဋ္ဌ ဟွန်ဆန်ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့

CRI, August 11, 2023
Size:

ဇူလိုင်လ ၂၅ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်က ကမ္ဘောဒီးယားပြည်သူ့ပါတီ ဥက္ကဋ္ဌ ဟွန်ဆန်ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ပြီး ၎င်းဦးဆောင်သောကမ္ဘောဒီးယားပြည်သူ့ပါတီသည် သတ္တမအကြိမ်မြောက် ပြည်လုံးဆိုင်ရာ ရွေးကောက်ပွဲတွင် အောင်ပွဲရရှိခြင်းအတွက် ထောမနာပြုခဲ့ပါသည်။ ရှီကျင့်ဖိန်က ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံတော်အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို လျှောက်လှမ်းရာတွင် တရုတ်နိုင်ငံအနေနှင့် ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း၊ ဥက္ကဋ္ဌ ဟွန်ဆန်၏ ခိုင်မာသော ဦးဆောင်မှုအောက်တွင် ကမ္ဘောဒီးယားပြည်သူ့ပါတီသည် နိုင်ငံတော်သာယာဝပြောရေးနှင့် ပြည်သူများ၏ ချမ်းမြေ့မှုအတွက်၊ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးမှုအသစ်များ ပြုလုပ်သွားမည်ဟု ယုံကြည်ကြောင်း ရှီကျင့်ဖိန်က ဖော်ပြခဲ့ပါသည်။