လန်ချန်း-မဲခေါင် MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် နေပြည်တော်တွင် ကျင်းပ

lmcchina.org, August 11, 2023
Size:


မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပ၍ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ပံ့ပိုးမှုဖြင့် လန်ချန်း-မဲခေါင် MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပခဲ့သည်။ လန်ချန်း-မဲခေါင်နိုင်ငံများ၊ မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အရာရှိများများ၊ ပညာရှင်များနှင့် MSME ကိုယ်စားလှယ်များ လူပေါင်း ၁၀၀ ကျော်ခန့် ဖိုရမ်သို့ တက်ရောက်ခဲ့ပြီး MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည့်အပြင် လှုပ်ရှားမှုအစီအစဉ်များလည်း ရေးဆွဲခဲ့သည်။


မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing က MSME များသည် လက်ရှိကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကတွန်းအား ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း တိုးချဲ့ရေးနှင့် လူနေမှုဘဝ ကောင်းမွန်လာရေးအတွက် အရေးပါသည့်ထောက်တိုင် ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင် ဒေသတွင်း MSME များ ဖွံ့ဖြိုးတိုးတက်မှုသည် ဒေသတွင်း စက်မှုလုပ်ငန်းကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်မှု ထိန်းသိမ်းခြင်း၊ ကုန်သွယ်မှု အဆင်ပြေချောမွေ့ရေး၊ ဈေးကွက် အပြန်အလှန်ချိတ်ဆက်ရေးကို ထိန်းသိမ်းခြင်း၊ ဒေသတွင်း တစ်သားတည်းရှိသော ဈေးကွက်ကြီး တည်ဆောက်ခြင်း ဖြစ်သလို နိုင်ငံအသီးသီးပြည်သူများဝင်ငွေနှင့် လူနေမှုဘဝအဆင့်အတန်း မြှင့်တင်ရေးအတွက် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ပံ့ပိုးမှုဖြင့် ကျင်းပသည့် ယခုအကြိမ် ဖိုရမ်သည် အချိန်အခါသင့်၍ MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဉာဏ်ပညာများ ပံ့ပိုးပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က မြန်မာနိုင်ငံအစိုးရသည် MSME များကို အလွန်အလေးထားကြောင်း၊ မြန်မာနိုင်ငံ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် လုံလောက်သည့်ကုန်ကြမ်းများ ထောက်ပံ့ပေးကာ ကုန်ချောထုတ်လုပ်မှုဖြင့်  ကုန်ပစ္စည်း တန်ဖိုးမြှင့်တင်ကာ ပြည်သူများဝင်ငွေ တိုးမြှင့်ပေးနိုင်ကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာသည် MSME များအတွက် အခွင့်အလမ်း ဖန်တီးပေး၍ လုပ်ငန်းများ တိုးချဲ့ရေးနှင့် ဈေးကွက်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။