တရုတ်-မြန်မာနယ်စပ်ရှိ မွန်တင့်ချင်းရွှေဟော်စမတ်နယ်စပ်ဂိတ်စီမံကိန်း စတင်တည်ဆောက်

Yunnan Gateway, August 10, 2023
Size:

မကြာသေးမီက တရုတ်-မြန်မာနယ်စပ်ရှိ မွန်တင့်ချင်းရွှေဟော်စမတ်နယ်စပ်ဂိတ်စီမံကိန်းကို စတင်တည်ဆောက် နေပြီဖြစ်ကြောင်း သိရပါသည်။

သက်ဆိုင်ရာတာဝန်ရှိသူ၏အဆိုအရ မွန်တင့်ချင်းရွှေဟော်စမတ်နယ်စပ်ဂိတ်စီမံကိန်းသည် အဓိကအားဖြင့် သတင်းအချက်အလက်နှင့် အခြေခံအဆောက်အအုံများကို အပိုင်းနှစ်ပိုင်းဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ၎င်းစီမံကိန်းပြီးစီးပါက၊ ချင်ရွှေဟော်စမတ်နယ်စပ်ဂိတ်ရှိ အကောက်ခွန်ရှင်းလင်းရေး၏ ထိရောက်မှုနှင့် လွယ်ကူချောမွေ့မှုအဆင့်ကို များစွာ မြှင့်တင်စေပြီး နယ်စပ်ဂိတ်စီးပွားရေးနှင့် ဥယျာဥ်ဇုန် စီးပွားရေး မြှင့်တင်ရန် ခိုင်မာသောတွန်းအားများ ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။ (ဆောင်းပါးအရင်းအမြစ် -“ယနေ့လင်ချန်း”WeChat အကောင့်။ ဘာသာပြန် --Yunnan gateway)