ကမ္ဘောဒီးယား အာဏာရပါတီ ပြည်သူ့ပါတီသည် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွင် အနိုင်ရ

CRI, August 10, 2023
Size:

ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံတော် ရွေးကောက်ပွဲ ကော်မရှင်သည် သတ္တမအကြိမ်မြောက် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ တရားဝင်ရလဒ်ကို သြဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့ပါသည်။ အာဏာရပါတီ ပြည်သူ့ပါတီသည် အမျိုးသား လွှတ်တော်နေရာ ၁၂၅ နေရာ အနက် နေရာ ၁၂၀ ကို ရရှိခဲ့ပါသည်။ လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်က မိမိသည် ကမ္ဘောဒီးယား ဝန်ကြီးချုပ်အဖြစ် ဆက်လက် ထမ်းဆောင်မည် မဟုတ်ကြောင်း၊ ကမ္ဘောဒီးယား ပြည်သူ့ပါတီ၏ နောက်ဝန်ကြီးချုပ်လောင်း ဟောင်မနိုင်းက အစိုးရသစ်ကို ဦးဆောင်မည်ဖြစ်ကြောင်း ဇူလိုင် လ၂၆  ရက်နေ့ က ပြောကြားခဲ့ပါသည်။