တရုတ်နိုင်ငံသည် HJ-2 06 ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်

CRI, August 9, 2023
Size:

၂၀၂၃ခုနှစ် ဩဂုတ်လ ၉ရက်နေ့ နံနက် ၆နာရီ ၅၃မိနစ်တွင် တရုတ်နိုင်ငံသည် ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာ၌ လောင်းမတ်ချ်-2C သယ်ဆောင်ရေးဒုံးပျံဖြင့် HJ-2 06 ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်ခဲ့ပြီး ကြိုတင် သတ်မှတ်ထား သော ပတ်လမ်းကြောင်းသို့ ချောမွေ့စွာဝင်ရောက်ခဲ့ကာ လွှတ်တင်ရေးတာဝန် အပြည့် အဝအောင်မြင်ခဲ့ကြောင်း၊ ယင်း ဂြိုဟ်တုသည် တရုတ်နိုင်ငံ၏ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ အရေးပေါ် စီမံခန့်ခွဲရေး၊ ဂေဟပတ်ဝန်းကျင်အား အဝေးမှ အာရုံခံမှု(remote sensing)နည်းလမ်းဖြင့် ကြီးကြပ်စစ်ဆေးရေးလုပ်ဆောင်ချက် စသော အသုံးချ နိုင်စွမ်းကို ထိရောက်စွာ တိုးမြှင့် နိုင်မည်ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။