ချန်တူး ကမ္ဘာ့တက္ကသိုလ်ကျောင်းသားကျောင်းသူများ နွေရာသီ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ၈ ရက်နေ့ညတွင် ကျင်းပမည်

Yunnan Gateway, August 9, 2023
Size:

၃၁ ကြိမ်မြောက် ချန်တူး ကမ္ဘာ့တက္ကသိုလ်ကျောင်းသားကျောင်းသူများ နွေရာသီ အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ၈ ရက်နေ့ညတွင် ချန်တူးမြို့ လဟာပြင် ဂီတ ဥယျာဉ်တွင် ကျင်းပမည်ဖြစ်သည်။ ယင်း ပိတ်ပွဲအခမ်းအနားသည် “အိပ်မက်- အနာဂတ်ကို ထွန်းလင်းစေ” ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အနုပညာရှင် စုစုပေါင်း ၆၀၀ ခန့်တို့သည် ပါဝင် ဖျော်ဖြေကာ မိနစ် ၇၀ ကြာ ကျင်းပမည်ဖြစ်သည်။