"၂၀၂၃ တရုတ်-အာဆီယံ ရက်သတ္တပတ်" ကို ဖူကျန့်ပြည်နယ်တွင် ဖွင့်လှစ်

Yunnan Gateway, August 8, 2023
Size:

၂၀၂၃ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် တရုတ်-အာဆီယံစင်တာ၊ ဖူကျန့်ပြည်နယ် နိုင်ငံခြားရေးရုံးနှင့် ဖူကျိုမြို့ အစိုးရတို့မှ ပူးပေါင်းပြီး "၂၀၂၃ တရုတ်-အာဆီယံ ရက်သတ္တပတ်" ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ထို အခမ်းအနားကို တရုတ်နှင့် အာဆီယံနိုင်ငံများမှ အဆင့်မြင့် အစိုးရအရာရှိများ ၊တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြား သံတမန် များ၊ တတ်သိ ပညာရှင်များ နှင့် မီဒီယာ ကိုယ်စားလှယ်များ စုစုပေါင်းလူ ၃၀၀ ခန့် တက်ရောက် ကြပါသည်။

"၂၀၂၃ခုနှစ် တရုတ်-အာဆီယံ ရက်သတ္တပတ်" လှုပ်ရှားမှုများကို ဩဂုတ်လ ၁၁ ရက်နေ့ အထိ ကျင်းပမည်ဖြစ်သည်။ ယင်းအတောအတွင်း "ခေတ်သစ် တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး " ဖိုရမ်နှင့် တရုတ် (ဖူကျန့်)-အာဆီယံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ၊ ရေကြောင်း ပိုးလမ်းမ တေးဂီတဖျော်ဖြေပွဲ၊ လူငယ်ဖိုရမ်၊ ရုပ်ရှင်ရက်သတ္တပတ်နှင့် အစား အသောက် ပွဲတော် စသော လှုပ်ရှားမှုများကိုလည်း ပြုလုပ် မည်ဖြစ်ပါသည်။