ဤနိုင်ငံတကာ ထိပ်တန်းအကပြိုင်ပွဲကို တရုတ်-မြန်မာနယ်စပ်ရှိ တယ်ဟုန်ပြည်နယ်ခွဲတွင် ကျင်းပခဲ့

Yunnan Gateway, August 7, 2023
Size:

ဩဂုတ်လ ၁ ရက် ညနေပိုင်းတွင် ၂၀၂၃ ခုနှစ် တယ်ဟုန်ဟေးချီ အကအနုပညာပွဲတော် အပြည်ပြည်ဆိုင်ရာပြိုင်ပွဲနှင့် ဥရောပ-အာရှ နိုင်ငံ ၆ နိုင်ငံ လူငယ်များ အပြည်ပြည်ဆိုင်ရာ စံပြအက ချန်ပီယံပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့တွင် ကျင်းပခဲ့သည်။

အကချစ်သူများနှင့် မြို့သူမြို့သား အများအပြား လာရောက်အားပေးကြည့်ရှုခဲ့သဖြင့် အခမ်းအနား ကျင်းပသည့်နေရာတွင် လွန်စွာစည်ကားခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် တရုတ်လက်ရွေးစင်အသင်း၊ နိုင်ငံတကာလူငယ်အဖွဲ့နှင့် ဥရောပ-အာရှ လူငယ်များ ထိပ်တိုက်ယှဥ်ပြိုင်မှု ယှဥ်ပြိုင်ပွဲများကို ကျင်းပခဲ့ပါသည်။

ဤပြိုင်ပွဲတွင် ကာဇက်ကစ္စတန်၊ မော်လ်ဒိုဗာ၊ ဥဇဘက်ကစ္စတန်၊ ဂျာမနီနှင့် အခြားနိုင်ငံများမှ နိုင်ငံ့ကိုယ်စားပြုအသင်းများအပြင် တရုတ်နိုင်ငံ ကျန်းစူး၊ ဖူကျန့်၊ ဟူနန်၊ ယူနန်နှင့် ချိန်တူးစသည့် ပြည်နယ်နှင့် မြို့ပြများမှ ကိုယ်စားလှယ်အသင်း ၃၀ တို့မှ ပြိုင်ပွဲဝင် လက်ရွေးစင် ၆၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရပါသည်။(ဆောင်းပါးအရင်းအမြစ် -တယ်ဟုန်ပြည်နယ်ခွဲမီဒီယာစင်တာ။ ဘာသာပြန် --Yunnan gateway)