တရုတ်စတိုင် ခေတ်မီရေးဖြင့် တရုတ်အမျိုးသား ပြန်လည်ရှင်သန်ရေးကို ဘက်စုံတွန်းအားပေး- အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ ယခုနှစ် အုပ်ချုပ်ရေး ဆောင်ရွက်ချက်များ

Yunnan Gateway, August 7, 2023
Size:

ယခုနှစ်သည် တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ် ၂၀ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ၏ အနှစ်သာရကို အပြည့်အဝအကောင်အထည်ဖော်ရန် ပထမဆုံးနှစ်ဖြစ်သည်။ ယခုနှစ် အစပိုင်းမှစပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် အင်အားကြီးမားတောင့်တင်းသောနိုင်ငံ တည်ဆောက်ရေးနှင့် အမျိုးသား ပြန်လည်ရှင်သန်ရေး ရည်မှန်းချက်များ အတွက် အရေးကြီးသော မူဝါဒ ချမှတ်ခြင်းနှင့် စီစဉ်ပေးချက်များ ပြုလုပ်ခဲ့ပြီး ပါတီနှင့် နိုင်ငံ တော် လုပ်ငန်းများ၏ အခြေအနေအသစ်ကို ဖန်တီးရန် ဦးဆောင်ခဲ့ပါသည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင် CPC ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအစည်းအဝေးကို ကျင်းပခဲ့သည်။ ယခုနှစ်အစပိုင်းမှစတင်၍ ရှီကျင့်ဖိန်ဦးဆောင်သည့် ပါတီဗဟိုကော်မတီ၏ ဦးဆောင်မှုအောက်တွင် အမျိုးသား စီးပွားရေး နာလန်ပြန်ထူလာကာ အလုံးစုံပြန်လည်ကောင်းမွန်လာပြီး စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေးကို ထိရောက်စွာ အာမခံပေးနိုင်ခဲ့ကြောင်း၊ လူမှုရေးအခြေအနေ အလုံးစုံ တည်ငြိမ်နေပြီး တစ်နှစ်ပတ်လုံး စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် အကောင်အထည် ဖော်ဆောင်ရန် အတွက် ကောင်းမွန်သောအခြေခံအုတ်မြစ်ကို ချမှတ်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏စီးပွားရေးသည် အလွန်ကြီးမားသော ဖွံ့ဖြိုးတိုးတက်မှု ခံနိုင်ရည်ရှိပြီး အလားအလာကောင်းကြောင်း ၄င်းအစည်းအဝေးတွင် ဖော်ပြပါသည်။