၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင် နိုင်ငံတကာဓာတ်ပုံနှင့် ဗီဒီယို ရက်သတ္တပတ် လူမှုရေးနှင့် ယဉ်ကျေးမှု ရိုက်ကူးခြင်းလှုပ်ရှားမှု စတင်ဖွင့်လှစ်

lmcchina.org, August 4, 2023
Size:

ဇူလိုင်လ ၂၄ ရက်နေ့တွင် ၂၀၂၃ လန်ချန်း-မဲခေါင် နိုင်ငံတကာဓာတ်ပုံနှင့် ဗီဒီယို ရက်သတ္တပတ် လူမှုရေးနှင့် ယဉ်ကျေးမှု ရိုက်ကူးခြင်းလှုပ်ရှားမှုကို ချင်းဟိုင်ပြည်နယ် ယွိရှု တိဘက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲမှ ယွိရှုမြို့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဤတစ်ခါ လှုပ်ရှားမှုသည် လန်ချန်း-မဲခေါင်နိုင်ငံများမှ ဓာတ်ပုံနှင့် ဗီဒီယိုများကို လက်ခံစုစည်းပြီး နာမည်ကြီးမီဒီယာများ၊ Social Media Infuencers များ၊ ယဉ်ကျေးမှုလောကမှ ကိုယ်စားလှယ်များက  ကျန်းယွမ်ဒေသသို့ လာ၍ မြေပေါ်နှင့် လေထဲမှ၊ နေ့ပိုင်းနှင့် ညပိုင်း ရှုထောင်မျိုးစုံဖြင့် ရိုက်ကူးရန် ပြည်တွင်းပြည်ပမှ ရိုက်ကူးဆရာများအား ထောက်ပံ့ပေးသည်။

၎င်းလှုပ်ရှားမှုသည် စီးပွားရေး တိုးတက်မှု၊ သဘာဝပတ်ဝန်းကျင် ကာကွယ်မှု၊ ပြည်သူများ၏ နေထိုင်မှုအခြေအနေ တိုးမြှင့်မှု စသည့်လုပ်ငန်းများတွင် လန်ချန်း-မဲခေါင်နိုင်ငံများ ရရှိသော အောင်မြင်မှုများကို ကမ္ဘာအား ပြသပေးရန်နှင့် လန်ခန်း-မဲခေါင်နိုင်ငံများသည် မိသားစုကဲ့သို့ ခင်မင်ရင်းနှီးသည်ဟူသောအခြေအနေကို ပြသရန် လူမှုရေးနှင့် ယဉ်ကျေးမှု ဖလှယ်သော ပလက်ဖောင်းတစ်ခု ထူထောင်ခြင်း ဖြစ်သည်။

 “ယွိရှုက အင်မတန် လှပါတယ်၊ ကျွန်တော့်ကို ပိုစိတ်ခံစားစေတာက ဒေသခံတွေပဲ ဖြစ်ပါတယ်။ မတူသောဒေသတွင် ရှိသောသတ္တဝါများသည် မြစ်ချောင်းများဖြင့် ချိတ်ဆက်၍ ယွိရှုဒေသခံများကား အမဲလိုက်နေထိုင်ရာမှာ လုပ်ငန်းအသေးအဖွဲများကို နှစ်ပေါင်းများစွာ စွဲစွဲမြဲမြဲ လုပ်ခြင်းဖြင့် မြစ်ဖျားခံနေရာကို ကာကွယ်စောင့်ရှောက်နေပါတယ်။ သူတို့ကပဲ တန်ဖိုးအမြင့်ဆုံး ဖြစ်ပါတယ်။ ကျွန်တော်က ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ပြီး ဖော်ပြသောပုံစံဖြင့် ကျွန်တော့်နိုင်ငံက ပြည်သူများအတွက် ဤဒေသမှ မြစ်ဖျားနေရာကို ကာကွယ်စောင့်ရှောက်နေတဲ့ဒေသခံများရဲ့အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်”ဟု ပြင်သစ်ဓာတ်ပုံရိုက်ဆရာ Laurence Chellali က ပြောပေသည်။