၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင် ဥစားသီးနှံ စိုက်ပျိုးရေး၊ ကုန်ချောထုတ်လုပ်ရေးနှင့်‌ ဈေးကွက်ဝန်ဆောင်မှုဆိုင်ရာသိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု မွမ်းမံသင်တန်း ကျင်းပ

lmcchina.org, August 4, 2023
Size:

လယ်ယာထွက်ကုန် ကုန်ချောထုတ်လုပ်‌ရေးကဏ္ဍတွင် လန်ချန်း-မဲခေါင်နိုင်ငံများ အပြန်အလှန် ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုနက်ရှိုင်းစေရန်၊ ဒေသခွဲနိုင်ငံများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ လန်ချန်း-မဲခေါင်မြစ်ဝှမ်း‌ဒေသ စီးပွားရေးတိုးတက်မှုရပ်ဝန်း တည်ဆောက်ရာတွင် အားဖြည့်ပေးရန်၊ ငြိမ်းချမ်း၍ စည်ပင်သာယာဝပြောရေးကို မျက်နှာမူသည့် လန်ချန်း-မဲခေါင်မြစ်ဝှမ်းနိုင်ငံများ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးရန် တရုတ်နိုင်ငံ စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ လယ်ယာထွက်ကုန် ကုန်ချောထုတ်လုပ်မှုသုတေသနဌာနသည် ပေကျင်းမြို့တွင် ၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင် ဥစားသီးနှံ စိုက်ပျိုးရေး၊ ကုန်ချောထုတ်လုပ်ရေးနှင့်‌ ဈေးကွက်ဝန်ဆောင်မှုဆိုင်ရာသိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု မွမ်းမံသင်တန်း ကျင်းပခဲ့သည်။

လန်ချန်း-မဲခေါင်မြစ်ဝှမ်းနိုင်ငံများ ဖြစ်သည့် လာအို၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့၏ ဥစားသီးနှံအရင်းအမြစ်များက ပေါကြွယ်ဝပြီး ၎င်းတို့နိုင်ငံစီးပွားရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်။ ကုန်ချောထုတ်လုပ်မှုသုတေသနဌာနမှူး ဝမ်ဖုန့်ကျုံးက လန်ချန်း-မဲခေါင်မြစ်ဝှမ်းနိုင်ငံများ ဥသစ်ဥဖုဆိုင်ရာပညာရှင်များနှင့် အတတ်ပညာရှင်များက ဥစားသီးနှံ စိုက်ပျိုးရေး၊ ကုန်ချောထုတ်လုပ်ရေးနှင့်‌ ဈေးကွက်ဝန်ဆောင်မှုဆိုင်ရာသိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုကို အတူရှာဖွေခြင်းသည်  လန်ချန်း-မဲခေါင်မြစ်ဝှမ်းနိုင်ငံများရှိ တောင်သူလယ်သမားများ ဝင်ငွေတိုးများစေရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် တွန်းအား‌ပေးရန်၊ “လန်ချန်း-မဲခေါင် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှု ထောင်သောင်းချီ အစီအစဥ်များ”ကို အကောင်အထည်ဖော်ရန် အရေးပါသောအဓိပ္ပာယ်ဆောင်ကြောင်း ပြောကြားသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်သော နိုင်ငံအသီးသီးသည် ဥစားသီးနှံ ထုတ်လုပ်ရေးလုပ်ငန်းနည်းပညာတွင် အားသာချက်နှင့် ထူးခြားချက်များ ကိုယ်စီရှိကြသည်။ ဥပမာအားဖြင့် ဗီယက်နမ်၏ ခရမ်းရောင် ကန်စွန်းဥသည် ပုံသဏ္ဍာန် လှပပြီး အရည်အသွေးမြင့်ကာ တရုတ်ဈေးကွက်တွင် အလွန်ရေပန်းစားသကဲ့သို့ ထိုင်းနှင့် ကမ္ဘောဒီးယားရှိ ပီလောပီနံဥသည် တရုတ်နိုင်ငံ၏ အရက်ပြန်လုပ်ငန်းအတွက် အရေးကြီးသောကုန်ကြမ်း ဖြစ်သည်။ ဥစားသီးနှံကဏ္ဍတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင် စဥ်ဆက်မပြတ် ဆောင်ရွက်ခြင်းဖြင့် ပိုမိုလုံခြုံခိုင်ခံ့သော၊ ပိုမိုစည်ပင်သာယာဖွံ့ဖြိုးသော၊ ပိုမိုအေးချမ်းသာယာ၍ ကျန်းမာသော လန်ချန်း-မဲခေါင် ဒေသတည်ဆောက်ရေးကို လွန်စွာအထောက်အကူပြုနိုင်မည် ဖြစ်သည်။

ယခုအကြိမ် မွမ်းမံသင်တန်း၏ရည်ရွယ်ချက်သည် လန်ချန်း-မဲခေါင်နိုင်ငံများအကြား သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ဥစားသီးနှံ ကုန်ချောထုတ်လုပ်မှုတွင် တရုတ်နိုင်ငံ၏ နည်းပညာအားသာချက်များကို အပြည့်အဝထုတ်ဖော်ရန်၊ လာအို၊ ဗီယက်နမ်၊ မြန်မာနှင့် အခြားနိုင်ငံများသို့ တရုတ်နိုင်ငံ၏ ဥစားသီးနှံ ကုန်ချောထုတ်လုပ်ရေးနည်းပညာကို လွှဲပြောင်းရေးနှင့် ထုတ်လုပ်မှုအသွင်သရုပ်ပြမှုကို မြှင့်တင်ရန်၊ ဥစားသီးနှံ ကုန်ချောထုတ်လုပ်မှုနည်းပညာ ဆန်းသစ်တီထွင်မှု လူရည်ချွန်များကို ပျိုးထောင်ပေးရန်၊  လန်ချန်း-မဲခေါင်နိုင်ငံများတွင် ဥစားသီးနှံ ထုတ်လုပ်ရေးလုပ်ငန်းများ အသွင်ပြောင်းမှုကို အဆင့်မြှင့်တင်ရေး အရှိန်မြှင့်ဆောင်ရွက်ရန်၊ လန်ချန်း-မဲခေါင်နိုင်ငံများတွင် ဥစားသီးနှံ စိုက်ပျိုးရေး၊ ကုန်ချောထုတ်လုပ်ရေးနှင့်‌ ဈေးကွက်ဝန်ဆောင်မှုများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။