ယမန်နေ့က တရုတ်အသင်း ရွှေတံဆိပ် ၉ ခုရရှိခဲ့ပြီး ချန်တူး ကမ္ဘာ့တက္ကသိုလ် ကျောင်းသားကျောင်းသူများ နွေရာသီအားကစားပြိုင်ပွဲ၏ ရွှေတံဆိပ်ဇယားကို ဆက်လက် ဦးဆောင်နေ

CRI, August 3, 2023
Size:

ချန်တူး ကမ္ဘာ့တက္ကသိုလ်ကျောင်းသားကျောင်းသူများ နွေရာသီအားကစားပြိုင်ပွဲ စတင်ကျင်းပချိန်မှစ၍ တရုတ်တက္ကသိုလ်ကျောင်းသား အားကစားကိုယ်စားလှယ်အဖွဲ့သည် အောင်မြင်မှုသတင်းများကို မကြာခဏ ပေးပို့ပေးနေပါသည်။ ဩဂုတ်လ ၂ ရက်နေ့တွင် တရုတ်အသင်းသည် ရွှေတံဆိပ် ၉ ခုရရှိခဲ့ပြီး ရွှေတံဆိပ် ၃၆ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၁၂ ခုဖြင့် ရွှေတံဆိပ်ဆုဇယားကို ဆက်လက်ဦးဆောင်နေပါသည်။ ထိုနေ့တွင် တရုတ်ရေကူးအသင်းသည် ရွှေတံဆိပ်ဆုများစွာ ဆွတ်ခူးခဲ့ကြသည်။ ကျန်းရွီဖေးသည် အမျိုးသမီး မီတာ ၅၀ လိပ်ပြာကူးပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးခဲ့ပြီး ချင်ဟိုင်ရန်သည် အမျိုးသား မီတာ ၁၀၀ ဖားကူးပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးခဲ့သည်။ လျိုရာရှင်းသည် အမျိုးသမီး မီတာ ၂၀၀ ပက်လက်ကူးပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးခဲ့သည်။ တရုတ်အသင်းသည် အမျိုးသား၊ အမျိုးသမီး 4x100 မီတာ ပေါင်းကူးပြိုင်ပွဲတွင်လည်း ချန်ပီယံဆု ဆွတ်ခူးခဲ့သည်။ ဩဂုတ်လ ၁ ရက်နေ့ကလည်း ၎င်းတို့သည် အမျိုးသမီး 4x100 မီတာ အလွတ်ရေကူးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သည်။