ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်-မြန်မာနယ်စပ်ရှိ ရွှေလီနယ်စပ်ဂိတ်၏ စက်ပိုင်းဆိုင်ရာ နှင့် လျှပ်စစ် ထုတ်ကုန်များ တင်ပို့မှုမှာ ယွမ် ၁၄၃ သန်းထိ ရှိခဲ့

Yunnan Gateway, August 2, 2023
Size:

မကြာသေးမီက ရွှေလီနယ်စပ်ဂိတ်ပူးပေါင်းစစ်ဆေးရေးစင်တာ၏ ပို့ကုန်ဝင်းအတွင်း၌ ထရန်စဖော်မာများ တင်ဆောင်လာသော ကုန်တင်ကားတစ်စီးသည် H986 အကြီးစား ကွန်တိန်နာစစ်ဆေးရေးကိရိယာများမှတစ်ဆင့် ဖြည်းညှင်းစွာ ကျော်ဖြတ်မောင်းနှင်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ကုန်ပစ္စည်းများ၏ X-ray ပုံများကို ကူမင်း အကောက်ခွန်ဌာန၏ ပုံရိပ်များ စုစည်းစစ်ဆေးရေး ဗဟိုစင်တာသို့ ပေးပို့ခဲ့သည်။

"စက်စစ်ဆေးရာမှာ မူမမှန်မှု မတွေ့ရဘူး။ ကုန်ပစ္စည်း သယ်ဆောင်ခွင့်ပြုလိုက်ပါ။" ခဏအကြာတွင် ကုန်တင်ကားသည် လွှတ်မိန့်ရရှိပြီး မြန်မာနိုင်ငံသို့ ခရီးစတင်ခဲ့သည်။

ရွှေလီနယ်စပ်ဂိတ်၏ အများဆုံးတင်ပို့သည့် ကုန်စည်များအနေဖြင့် စက်ပိုင်းဆိုင်ရာနှင့် လျှပ်စစ် ထုတ်ကုန်များသည် အလားတူကာလအတွင်းတွင် ရွှေလီနယ်စပ်ဂိတ်၏ စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၁၄ % ခန့် ပါ၀င်ရှိသည်။ ၎င်းအနက် ထရန်စဖော်မာများ၊ မီးစက်အစုံများ၊ ကြိုးတပ်ဆက်သွယ်ရေးကိရိယာများ စသည့် ထုတ်ကုန်များသည် အများစုဖြစ်ပါသည်။

“ကျွန်ုပ်တို့သည် အကောက်ခွန်ဌာနနဲ့ လုပ်ငန်းအဖွဲ့တွေအကြား အပြန်အလှန် ဆက်သွယ်မှု ယန္တရားကို ထူထောင်ထားပါတယ်။ တင်သွင်းတဲ့နိုင်ငံတွေက သက်ဆိုင်ရာ မှတ်ချက်တွေကို အဆက်မပြတ် ရှာဖွေစုစည်းပြီး ပို့ကုန်လုပ်ငန်းအဖွဲ့တွေကို အကြောင်းပြန်ကြားပါတယ်။ ထုတ်ကုန်ကို တင်သွင်းတဲ့ နိုင်ငံရဲ့ စံချိန်စံညွှန်းများနဲ့ ကိုက်ညီစေဖို့ သေချာအာမခံပါတယ်။” ၎င်းတို့သည် H986 စက် စစ်ဆေးရေး ကိရိယာကို အပြည့်အဝ အသုံးပြုပြီး စက်ပိုင်းဆိုင်ရာနှင့် လျှပ်စစ်ထုတ်ကုန်များအပေါ် ကြီးကြပ်စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း ရွှေလီအကောက်ခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

ယခုနှစ် ပထမနှစ်ဝက်တွင် ရွှေလီအကောက်ခွန်ဌာနသည် တန်ဖိုးယွမ် ၁၄၃ သန်းရှိသော စက်ပိုင်းဆိုင်ရာနှင့် လျှပ်စစ်ပစ္စည်းပို့ကုန်များကို ကြီးကြပ်ခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက အသားတင် တိုးများမှုများ ရှိလာကြောင်း သိရပါသည်။ (ဆောင်းပါးအရင်းအမြစ် -ရွှေလီမြို့ မီဒီယာစင်တာ။ ဘာသာပြန် --Yunnan gateway)