ဟန်ကျိုး အာရှအားကစားပွဲတော်တွင် ပါဝင်ရန် အမည်စာရင်း ထည့်သွင်းသော လက်ရွေးစင် ဦးရေသည် သမိုင်းတွင် အများဆုံးဖြစ်

Yunnan Gateway, August 2, 2023
Size:

ဟန်ကျိုး အာရှအားကစားပွဲတော် ဒုတိယအကြိမ်သတင်းစာ ရှင်းလင်းပွဲကို ဇူလိုင်လ ၂၇ရက်နေ့က ဟန်ကျိုးမြို့၌ ကျင်းပခဲ့ပါသည်။ ဟန်ကျိုး အာရှ အားကစားပွဲတော်တွင် ပြိုင်ပွဲပေါင်း၄၀ ၊ အားကစားနည်း ၆၁ခု နှင့် ပြိုင်ပွဲစဉ် ၄၈၃ခု အကုန်လုံးကို သတ်မှတ်ထားပြီး ဖြစ်ကြောင်း၊ အာရှနိုင်ငံနှင့် ဒေသကိုယ်စားလှယ်အဖွဲ့ ၄၅ဖွဲ့မှ လက်ရွေးစင် ၁၂၅၂၇ဦးတို့သည် ပြိုင်ပွဲတွင် ပါဝင်ကြပြီး ယခုအကြိမ် ပြိုင်ပွဲသည် သမိုင်းတွင် လက်ရွေးစင် အားကစားသမား အများဆုံး ပါဝင်ကစားသည့် အားကစားပွဲ ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။