၇ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲကို ကူမင်းမြို့တွင် ကျင်းပမည်

Yunnan Gateway, August 1, 2023
Size:

သြဂုတ်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၇ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲကို ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပမည်ဖြစ်ပြီး ယခုအကြိမ် ကုန်စည်ပြပွဲကို “တက်ညီလက်ညီ စည်လုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ ရှာဖွေဖန်းတီးခြင်း”ဟူသော အဓိကဆောင်ပုဒ်ဖြင့် ကျင်းပမည်ဖြစ်ကာ ယခုနှစ်တွင် တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများအကြား အရေးပါသော စီးပွားကုန်သွယ်မှုဖလှယ်ရေးလှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း ယူနန်နေ့စဥ်သတင်းစာမှ သိရှိရပါသည်။

၁၀ နှစ်ကြာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲသည် ကုန်စည်ကူးသန်း ရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှု ဖလှယ်ရေးတို့ကို ပေါင်းစပ်ထားသည့် ဘက်ပေါင်းစုံ ကုန်စည်ပြပွဲတစ်ခု ဖြစ်လာခဲ့သည်။ ၇ ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲတွင် ပြပွဲခန်းမကြီး ၁၅ ခုကို တည်ထောင်မည်ဖြစ်ပြီး ပြပွဲဧရိယာသည် ၁၅၀၀၀၀ စတုရန်းမီတာ ကျယ်ဝန်းကာ အော့ဖ်လိုင်း ပြပွဲခန်းမ၏ အကြောင်းအရာများကို အွန်လိုင်းတွင် တပြိုင်နက် ပြသထားမည်ဖြစ်ကြောင်း သိရပါသည်။ လက်ရှိတွင် အဆိုပါပြပွဲ၌ ပါဝင်ပြသမည့် နိုင်ငံနှင့် ဒေသပေါင်း ၆၀ ခုရှိပြီး တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် RCEP အဖွဲ့ဝင်နိုင်ငံများအား အပြည့်အဝ လွှမ်းခြုံနိုင်ခဲ့ပါသည်။ တရုတ်နိုင်ငံရှိ ပြည်နယ် ၂၈ ခု (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများနှင့် မြို့ပြ) သည် ယင်းပြပွဲတွင် ပါဝင်တက်ရောက်ကာ ခင်းကျင်းပြသမည့် လုပ်ငန်းအဖွဲ့အရေအတွက်မှာ ၁,၀၀၀ နီးပါးရှိပါသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)