ရှီကျင့်ဖိန်သည် တပ်မတော်နေ့ နီးလာသည့်အခါသမယတွင် အနောက်စစ်နယ်မှ လေတပ်အားကြည့်ရှုစစ်ဆေး

Yunnan Gateway, July 31, 2023
Size:

သြဂုတ်လ ၁ ရက်နေ့သည် တပ်မတော်နေ့ ဖြစ်ပါသည်။ တပ်မတော်နေ့ ရောက်ခါနီးဇူလိုင်လ ၂၆ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌရှီကျင့်ဖိန်သည် အနောက်စစ်နယ်သို့ သွားရောက်ပြီးလေတပ်အားကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရှီကျင့်ဖိန်သည် ပါတီဗဟိုကော်မတီနှင့် ဗဟိုစစ်ရေးကော်မရှင် ကိုယ်စားအနောက်စစ်နယ်မှ လေတပ်၊ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ စစ်မှုထမ်းများ၊ ရဲတပ်မှ စစ်မှုထမ်းများ၊ တပ်မတော် အတွင်းစစ်မှုထမ်းမဟုတ်သောဝန်ထမ်းများ၊ ပြည်သူ့တပ်မှ အရံစစ်မှုထမ်းအားလုံးကိုစိတ်ရင်းမှန်ဖြင့် တပ်မတော်နေ့အတွက်နှုတ်ခွန်းဆက်သပါကြောင်းဖော်ပြခဲ့ပါသည်။

ရှီကျင့်ဖိန်ကတရုတ်ကွန်မြူနစ်ပါတီအကြိမ်(၂၀)မြောက် ပြည်လုံးဆိုင်ရာကိုယ်စားလှယ်များညီလာခံမှ ရည်မှန်းချက် အကြောင်းအရာများကိုနက်ရှိုင်းစွာဖော်ဆောင်ရမည် ဖြစ်ပြီးခေတ်သစ် တပ်မတော် အင်အားတောင့်တင်းရေးနှင့် ခေတ်သစ် စစ်ဗျူဟာမူဝါဒအတွေးအခေါ်များကိုအကောင်အထည်ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ တပ်မတော်၏ ခေတ်မီရေးအရည်အချင်းကိုမြန်ဆန်စွာတိုးမြှင့်ပြီးပါတီနှင့် ပြည်သူများအပ်နှင်းပေးသောလုပ်ငန်းတာဝန် အရပ်ရပ်ကိုဦးလည်မသုန်ဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။