ခရီးသည်ဦးရေပေါင်း ၃၀၀ ဆံ့သည့် Smart Rail ဘတ်စ်ကား၂ စီး ချန်တူးမြို့၌ စတင်ပြေးဆွဲ

Yunnan Gateway, July 28, 2023
Size:

ချန်တူးမြို့တွင် ၃၁ ကြိမ်မြောက် ကမ္ဘာ့ တက္ကသိုလ်ကျောင်းသူကျောင်းသားများ နွေရာသီ အားကစားပြိုင်ပွဲ ဖွင့်လှစ်မည်ဖြစ်သည့်အတွက် သယ်ယူပို့ဆောင်ရေး လွယ်ကူအဆင်ပြေစေရန် ဇူလိုင်လ ၂၅ရက်နေ့မှာ တရုတ်နိုင်ငံ ကိုယ်ပိုင်ဒီဇိုင်းထုတ်ထားသည့် Smart Rail ဘတ်စ်ကား ၂ စီး စတင်ပြေးဆွဲခဲ့ပါသည်။ Smart Rail ဘတ်စ်ကားသည် ဗဟိုထိန်းချုပ်မှုစနစ်ဖြင့် သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း တိကျစွာ ပြေးဆွဲနိုင်ပါသည်။ ယင်းစမတ်ဘတ်စ်ကားသည် ရိုးရိုးဘတ်စ်ကားနှင့်နှိုင်းယှဉ်ပါက အမြင့်ဆုံးအမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၇၀ အထိဖြစ်ပြီး ပိုမိုမြန်ဆန်ရုံသာမက ပိုမိုတည်ငြိမ်ခြင်းလည်းရှိပါသည်။ ၎င်းသည် ခရီးသည်ဦးရေအများဆုံး ၃၀၀ဆံ့ပြီး သာမန်ဘတ်စ်ကားများထက် သုံးဆပိုများပါသည်။