အင်မတန်စည်ကားပါတယ်၊ တရုတ်-မြန်မာ နယ်စပ်ရှိ လုံချွမ်းခရိုင်၌ ခရိုင်အဆင့်သော ဘောလုံးပြိုင်ပွဲတွင် မြန်မာ့အသင်းတစ်ခုရှိ

Yunnan Gateway, July 28, 2023
Size:

ဇူလိုင်လ ၂ရက်နေ့တွင် တရုတ်-မြန်မာ နယ်စပ်ရှိ လုံချွမ်းခရိုင် အားကစားစင်တာ၏ ဘောလုံးကွင်း၌ လုံချွမ်းခရိုင် ဘောလုံးအသင်းနှင့် မြန်မာ့ကြယ်ပွင့်ယူနိုက်တက်အသင်းတို့ ပြင်းထန်စွာ ပြိုင်ဆိုင်ကစားခဲ့ ကြပါသည်။ ပွဲပြီးခရာသံအဆုံးတွင် "သာယာလှပသော လုံချွမ်း" ၂၀၂၃ ခုနှစ် မွန်ဝမ်းဘောလုံးစူပါလိဂ်ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ယခုအကြိမ်လိဂ်ပြိုင်ပွဲကို မေလ ၁၃ ရက်နေ့၌ လုံချွမ်းခရိုင်တွင် စတင်ကျင်းပကာ ၅၁ ရက်ကြာမြင့်ခဲ့ပြီး ပြိုင်ဆိုင်မှု ပြင်းထန်သော ပြိုင်ပွဲစုစုပေါင်းပွဲ ၉၀ ကို ကျင်းပခဲ့ပါသည်။ တယ်ဟုန်ပြည်နယ်ခွဲ၏ မြို့ပြ၊ ခရိုင်အသီးသီးနှင့် မြန်မာနိုင်ငံတို့မှ ဘောလုံးအသင်း ၁၄ သင်းနှင့် အားကစားသမား ၄၂၇ ဦးတို့အား ပါ၀င်ယှဥ်ပြိုင်ရန် ဆွဲဆောင်နိုင်ခဲ့ပါသည်။ အဆိုပါပြိုင်ပွဲ ကျင်းပသည့် ညပိုင်းတွင် ပါ၀င်ယှဥ်ပြိုင်သည့် အသင်းအသီးသီးတို့၏ ကြိုးစားရုန်းကန်မှုနှင့် နည်းဗျူဟာများ၏ ထိပ်တိုက်တွေ့ဆုံမှုများသည် နောက်ဆုံးတွင် ယှဥ်ပြိုင်မှုရလဒ်များ ထွက်ပေါ်လာခဲ့ပါပြီ။ မြန်မာနိုင်ငံဘောလုံးအသင်း ကချင်လူငယ်အသင်း(Kachin Youth FC)က ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပြီး မောင်ထက်နိုင်အား အကောင်းဆုံး ဂိုးသမားအဖြစ် ရွေးချယ်ခဲ့ပါသည်။

ယခုအကြိမ်ပြိုင်ပွဲသည် ဘောလုံးပြိုင်ပွဲသာမက နယ်စပ်ဖြတ်ကျော် ချစ်ကြည်ရေးပွဲတော်လည်း ဖြစ်ကြောင်း မြန်မာကစားသမားများက ပြောဆိုခဲ့ကြပါသည်။ (ဆောင်းပါးအရင်းအမြစ် -လုံချွမ်းခရိုင်မီဒီယာစင်တာ။ ဘာသာပြန် --Yunnan gateway)