သတ္တမကြိမ်မြောက် လန်ချန်း-မဲခေါင် လူငယ်ဆန်းသစ်တီထွင်မှုပြိုင်ပွဲ၏ ဖိုင်နယ်ပွဲကို ချင်းဟိုင်ပြည်နယ် ဖွင့်လှစ်

lmcchina.org, July 28, 2023
Size:

သတ္တမကြိမ်မြောက် လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသစီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လူငယ်ဆန်းသစ်တီထွင်မှုဒီဇိုင်းပြိုင်ပွဲဖိုင်နယ်ပွဲကို ဇူလိုင် ၂၀ ရက်က ချင်းဟိုင်တက္ကသိုလ်တွင် ကျင်းပခဲ့သည်။

ယခုအကြိမ် ပြိုင်ပွဲ၏ခေါင်းစဥ်မှာ "စိုက်ပျိုးရေးသစ်နှင့် စားနပ်ရိက္ခာဖူလုံရေး" ဖြစ်သည်။ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံရှိ အဆင့်မြင့်ကျောင်းများမှ ကျောင်းသူကျောင်းသား စုစုပေါင်း ၂၀၇ ဦးသည် ပြိုင်ပွဲ၏ ပဏာမရွေးချယ်ရေးအဆင့်တွင် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။ နောက်ဆုံးတွင် အဆင့်မြင့်ကျောင်း ၉ ကျောင်းမှ အသင်း ၂၀ သည် ထူးချွန်စွာ ဖိုင်နယ်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ခွင့် ရခဲ့ကြသည်။ ၃ ရက်ကြာ ကျင်းပမည့် ဖိုင်နယ်ပွဲတွင် ၎င်းတို့သည် "တန်ဖိုးအရှိဆုံးအကြောင်းအရာ"၊ "ဖန်တီးမှုအရှိဆုံးအဖွဲ့"၊ "နိုင်ငံဖြတ်ကျော်အကောင်းဆုံးအသင်း" နှင့် "အကောင်းဆုံးသားဥဖောက်နည်း(Incubation Solution)" ဟူသော ဆုလေးခုအတွက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ထို့အပြင် ယခုအကြိမ် ပြိုင်ပွဲသည် “လန်ချန်း-မဲခေါင် လူငယ်များ ရွှေရောင်အဆိုပြုချက်” ဖြစ်ပေါ်လာအောင် ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ရာ  မြစ်ဝှမ်းဒေသစီမံခန့်ခွဲရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးကို မြစ်ဝှမ်းဒေသ ခြောက်နိုင်ငံ အတူဖော်ဆောင်ရေး တိုက်တွန်းသော "လူငယ်တို့၏စကားအသံ"ကို ဖော်ဆောင်သွားမည် ဖြစ်သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဌာနမှ သံမှူး လျောက်ကျွန့်ယွင်က လူငယ်များသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးသည့်မျှော်လင့်ချက် ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင် လူငယ်ဆန်းသစ်တီထွင်မှုပြိုင်ပွဲသည် နိုင်ငံခြောက်နိုင်ငံမှ လူငယ်များ အပြန်အလှန်ဖလှယ်၍ ပညာအလင်းရောင် ထွန်းပြောင်စေသော လှုပ်ရှားမှုများ ဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် နိုင်ငံခြောက်နိုင်ငံမှ လူငယ်များ၏ တီထွင်ဖန်တီးနိုင်စွမ်းနှင့် တက်ကြွမှုကို အပြည့်အဝ ပြသပြီး ပြိုင်ပွဲ အပြည့်အဝ အောင်မြင်မည်ဟု မျှော်လင့်ကြောင်း ဖွင့်ပွဲအခမ်းအနားတွင် အမှာစကား ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ Prince of Songkla University ၏ ဒုတိယပါမောက္ခချုပ် Udomphon Puetpaiboon၊ ယခင် ပြိုင်ပွဲဝင်များ၏ ကိုယ်စားလှယ်များ၊ UN-REDD ၏ နည်းပညာအကူအညီပေးရေးအဖွဲ့ UN-REDD ၏ ညှိနှိုင်းရေးမှူး Vansy တို့က ပြိုင်ပွဲ ချောမွေ့စွာ ကျင်းပနိုင်ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ နက်ရှိုင်းအောင် ဖွံ့ဖြိုးတိုးတက်ရေး၊ တိုးတက်မှု အတူတကွ မြှင့်တင်ရေး မျှော်လင့်ချက်များအား ပြောကြားခဲ့ပါသည်။