ပထမဆုံးအကြိမ် “တရုတ်-မြန်မာ ပြည်သူကြားနှလုံးသားချင်း ယှက်သွယ်ရေးဇာတ်ခုံကြီး” ယဥ်ကျေးမှုဖလှယ်ရေးပွဲတော်သည် ကျယ်ခေါင်ကို စည်ကားစေခဲ့

Yunnan Gateway, July 27, 2023
Size:

ဇူလိုင်လ ၂၆ ရက်နေ့ညတွင် တရုတ်နိုင်ငံ ရွှေလီမြို့နှင့် မြန်မာနိုင်ငံ မူဆယ်မြို့မှ အမျိုးသမီးများသည် ကျယ်ခေါင်ကော်မိန့်ရင်ပြင်၌ တေးသွားအလိုက် ကခုန်ကြရင်း ၂၀၂၃ ခုနှစ် ပထမဆုံးအကြိမ် “တရုတ်-မြန်မာ ပြည်သူကြားနှလုံးသားချင်း ယှက်သွယ်ရေးဇာတ်ခုံကြီး” ယဥ်ကျေးမှုဖလှယ်ရေးပွဲတော်ကို စတင်ကျင်းပပြီး ကျယ်ခေါင်တစ်မြို့လုံးကို စည်ကားလာစေပါသည်။

ယခုတစ်ကြိမ် ယဥ်ကျေးမှုဖလှယ်ရေးပွဲတော်သည် “ချစ်ကြည်ရေးလက်ဆင့်ကမ်းပြီး အနာဂတ်ကို အတူတကွ ဖန်တီးကြ”ဟူသော အဓိကဆောင်ပုဒ်ဖြင့် ကျင်းပပါသည်။ ပွဲအခမ်းအနားတွင် တရုတ်-မြန်မာ နှစ်နိုင်ငံမှ အမျိုးသမီးများသည် ဆန်းတင့်ဝေဆာလှသော ရင်ပြင်အက ဖျော်ဖြေတင်ဆက်မှုကို တစ်ခုပြီးတစ်ခု ဆောင်ကြဥ်းလာခဲ့ပြီး “တရုတ်-မြန်မာ ပြည်သူကြားနှလုံးသားချင်း ယှက်သွယ်ရေးဇာတ်ခုံကြီး”တွင် ထွန်းလင်းတောက်ပလာပါသည်။ ရင်ပြင်ပေါ်တွင် စည်းချက်သွက်လက်သော တေးဂီတသံများ တီးခတ်လိုက်သည်နှင့်တပြိုင်နက် ဒေသခံပြည်သူပြည်သားများနှင့် ခရီးသွားများသည် "ရင်ပြင်အက ပဒေသာကပွဲ" ကနေကြသောအဖွဲ့ထဲတွင် ပါ၀င်ဆင်နွှဲလာကြပါသည်။ တဒင်္ဂအတွင်း ကျယ်ခေါင်ကော်မိန့်ရင်ပြင်၌ စည်ကားသိုက်မြိုက်လာပါသည်။

တရုတ်-မြန်မာ ပြည်သူကြားနှလုံးသားချင်း ယှက်သွယ်ရေးဇာတ်ခုံကြီး” ယဥ်ကျေးမှုဖလှယ်ရေးပွဲတော်သည် ဝမ်တိန်၊ နုန့်တောင်စသည့် နယ်စပ်မြို့နယ်နှင့် ကျေးရွာများတွင် ဆက်တိုက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ လှုပ်ရှားမှုများ၏ ပုံစံနှင့် အကြောင်းအရာများကို စဉ်ဆက်မပြတ် ပေါများကြွယ်၀စေခြင်းဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ပြည်သူပြည်သားများ ဖလှယ်ရေး ပလက်ဖောင်းကို တက်ကြွစွာ တည်ဆောက်သွားပါမည်။ (ဆောင်းပါးအရင်းအမြစ် -တယ်ဟုန်ပြည်နယ်ခွဲမီဒီယာစင်တာ။ ဘာသာပြန် --Yunnan gateway)