ရှီကျင့်ဖိန်သည် စီချွမ်း ပြည်နယ် Cuiyunlang စင်္ကြံ အား လှည့်လည်ကြည့်ရှု

Yunnan Gateway, July 27, 2023
Size:

ဇူလိုင်လ ၂၅ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စီချွမ်းပြည်နယ် Guangyuanမြို့ Cuiyunlang စင်္ကြံ ရှိ Shudao ရှေးဟောင်းလမ်းမကြီးကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။ Cuiyunlang စင်္ကြံ သည် ရှေးဟောင်းမြို့ Jianzhou ကို ဗဟိုပြုပြီး ကီလိုမီတာ ၁၅၀ ကျော်ရှည်လျားသည့် Jianmen Shudao ရှေးဟောင်းလမ်းမကြီး၌ တည်ရှိသည်။ ၎င်းအား အကောင်းဆုံး ထိန်းသိမ်းထားပြီး အရှည်ဆုံးနှင့် ရှေးခေတ် ထင်းရူးပင် အများဆုံး စိုက်ပျိုးထားသောကြောင့် "တိုင်းပြည်၏ရတနာ"နှင့် "ကမ္ဘာ့အံ့ဖွယ်" ဟုခေါ်ကြပါသည်။

ယခုနှစ်များအတွင်း ဒေသခံအစိုးရသည် Shudao ရှေးဟောင်းလမ်းမကြီး ကို ထိန်းသိမ်းခြင်း၊ အသုံးပြုခြင်းနှင့် သမိုင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် ထည့်သွင်းရန် လျှောက်လွှာတင်ခြင်း စသည်တို့ကို တက်ကြွစွာဆောင်ရွက်ခဲ့ပြီး နှစ်ထောင်ချီ ရှေးဟောင်းလမ်းမကြီးကို အမှန်တကယ် "အသက်ဝင်" စေခဲ့ပါသည်။