ဇူလိုင်လ ၂၂ ရက်နေ့တွင် ပထမဆုံးအကြိမ် ယူနန်ကုန်သည်များအစည်းအဝေးကို ကူမင်းမြို့၌ ကျင်းပခဲ့ပါသည်။ တရုတ်ပြည်တွင်းပြည်ပမှ လုပ်ငန်းရှင် ၂၀၀ ကျော်တို့သည် ကူမင်းမြို့တွင် ဆုံဆည်းကာ ယူနန်ပြည်နယ်၏ ချမ်းမြေ့သာယာသော အနာဂတ်ကို အတူတကွ ရှာဖွေဖန်တီးကြပါသည်။
အဆိုပါအစည်းအဝေး၌ ယူနန်လုပ်ငန်းရှင်ကိုယ်စားလှယ်အားလုံးသည် “ယူနန်ကုန်သည်များ အဆိုပြုချက်”ကို အတူတကွ ကြေညာထုတ်ပြန်ခဲ့ပါသည်။ ၎င်းကုန်သည်များသည် ပွင့်လင်းသော ရှုမြင်ချက်များဖြင့် နိုင်ငံတော်၏ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရေး၊ တရုတ်နိုင်ငံမှ တောင်အာရှ၊ အရှေ့တောင်အာရှသို့ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြုစင်တာ တည်ဆောက်ရေးနှင့် “the Belt and Road”ကို အတူတကွ တည်ဆောက်ရေးတို့ကို တက်ကြွစွာ ဝိုင်းဝန်းဖော်ဆောင်သွားမည်ဖြစ်ပါသည်။
အဆိုပါပွဲတွင် ရင်းနှီးမြှုပ်နှံမှု ခေါ်ဆိုခြင်း စီမံကိန်း လက်မှတ်ရေးထိုးပွဲအခမ်းအနားများကိုလည်း ကျင်းပခဲ့ပါသည်။ အစည်းအဝေးကျင်းပစဉ် ကာလအတွင်းတွင် စီမံကိန်းလေ့လာရေး ညှိနှိုင်းဆွေးနွေးပွဲ၊ ယူနန်လုပ်ငန်းရှင်ကိုယ်စားလှယ်များ ပြည်နယ်ခွဲများသို့ သွားရောက်လေ့လာ ညှိနှုင်းဆွေးနွေးပွဲ စသည့်လှုပ်ရှားမှုများကို ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ယူနန်နေ့စဥ်သတင်းစာမှ သိရပါသည်။ (ဆောင်းပါးအရင်းအမြစ် -ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် --Yunnan gateway)